Print

နားထဲရေဝင်ခြင်းနှင့် အူခြင်းများ

  24-Feb-2017
Preview Image

နားထဲရေဝင်တာကြောင့် နားကိုက်ခြင်း
ရေဝင်ရင် နားကိုက်တယ်ဆိုတာက နားထဲမှာ ပုံမှန်အားဖြင့် နားဖာချေးတွေ ရှိတယ်။ နည်းနည်းပါးပါးရှိတဲ့ သူတွေတော့ ရေနည်းနည်းဝင်ရင် ပြဿ နာ သိပ်မရှိပေမယ့် နားထဲမှာ နားဖာချေးက ပွလာပြီးတော့ နားပိတ်တယ်။ နားအူတတ်ပါတယ်။ နားအူတော့ ရေပြန်ထုတ်ဖို့ ကြိုးစားကြပေမယ့် နားထဲမှာ နားဖာချေးတွေက ရှိနေတော့ ရေပြန်ထုတ်လည်း မထွက်ပါဘူး။ ဒီလိုအချိန်မှာ နားကျပ်တာ၊ နားကလော်တာတွေ လုပ်ရင် နားနံရံတွေ ဟာ ရေနဲ့ရိပြီး ပွန်းလွယ်ပါတယ်။ ကလော်တဲ့ပစ္စည်း မသန့်ရင် နားထဲ ပိုးဝင်လွယ်ပါတယ်။

 

နားထဲပိုးဝင်လျှင်
ပိုးဝင်တော့ နားပြွန်နံရံရောင်တယ်၊ မှိုပေါက်တယ်၊ နားကိုက်ပါတယ်။ အဲဒီလို ကိုက်လာပြီဆိုရင်တော့ သေချာပါတယ်။ နာပြွန်ရောင်တာ ဒါမှမဟုတ်နား မှိုစွဲတာ တွေ ဖြစ်နေပါပြီ။

 

အလွန်ကိုက်ခဲနာကျင်လျှင်
နားက အတော်ကို ကိုက်တယ်၊ ပါးစပ်ကဟတိုင်း နာတယ်၊ ကိုက်တယ်လို့ပြောကြ ပါတယ်။ အစာစားတိုင်းလည်း နာတယ်၊ အဲဒီအချိန်မှာ နားအထဲမှာ ရှိတဲ့ကြေးတွေကို သန့်ရှင်းရေးလုပ်ရင်တောင် အရမ်းနာပါတယ်။ ထုံဆေးပေးရင်လည်း သိပ်မတိုးတော့လို့ အဲဒီလိုအချိန်မှာ လူနာကို ထုံဆေး သိပ်မသုံးပါဘူး။ အဓိကက နားစည်အရမ်းရောင် ပြီးတော့ ကိုက်တာပါ။ အဲဒါကြောင့် နားကိုက်တာ၊ နာတာ သိပ်မဆိုးခင်မှာ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်တွေဆီကို လာပြစေချင်ပါတယ်။

 

နားအူခြင်း
သင်္ကြန်လည်ရင်းနဲ့ ရုတ်တရက် နားအူသွားတယ်ဆိုရင် အဲဒါက ရေပြွတ်နဲ့နားထဲ အထိုးခံရလို့ နားစည်ရောင်သွားတာမျိုး၊ ပေါက်သွားတာမျိုးကြောင့် ဖြစ်တတ်ပါတယ်။ ခုနက ရေဝင်လို့ နားအူတာနဲ့ နားဖာချေးပိတ်တာနဲ့က ခွဲခြားရတာ အလွန်ခက်ခဲပါတယ်။ အဲဒီလိုခက်ခဲတော့ တချို့တွေက နားဖာချေးပိတ်တယ် ထင်ပြီး နားထဲကို ရေထည့်ပြီးတော့ ရေချူထုတ်ဖို့၊ နားဖာချေးကို ကလော်ထုတ်ဖို့ ကြိုးစားကြပါတယ်။ တကယ်ဖြစ်တာက နာဖာချေးပိတ်တာ လည်းမဟုတ်ပါ ဘူး။ ရေဝင်တာလည်း မဟုတ်ပါဘူး။ နားစည်ပေါက် သွားတာပါ။ ဖြစ်တာချင်းက ဆင်တူတာကို နားကအူပြီး ပိတ်ပိတ်ကြီးဖြစ်နေတယ်။ အသံတွေက ကြားနေကျမဟုတ်ဘဲ တစ်မျိုးကြီး ဖြစ်နေတယ်။

 

ဘယ်လိုကာကွယ်မလဲ
ဒီလို မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတော့ ပထမတစ်ဆင့်ကတော့ နားထဲရေမဝင်အောင် ကာကွယ်ပါ။ ဒုတိယတစ်ဆင့်ကတော့ နားထဲရေဝင်လို့ နားထဲမှာ ပိတ်ပိတ်ကြီးဖြစ်နေတယ်၊ အူနေတယ်ဆိုရင် ဖြစ်ဖြစ်ချင်း နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်နှင့် ပြဖို့လိုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာဝင်းထိုက်ကြည်
(နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီး)
Arogyam magazine, No.261, April 2014, Pg.44-45



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18