Print

ခွေး၊ကြောင် ကိုက်ခြင်း

  24-Feb-2017
Preview Image

ခွေးကိုက်ခြင်း
ခွေးကိုက်ခြင်းကို ကိုက်သောခွေးပေါ် မူတည်ပြီး အောက်ပါအတိုင်း -

(၁) ရိုးရိုးခွေးကိုက်ခြင်း

(၂) ခွေးရူးကိုက်ခြင်း ဟူ၍ခွဲခြားထားပါသည်။

ထို့ကြောင့် ခွေးကိုက်ခံရပါက ခွေးရူးနှင့် ခွေးကောင်း ခွဲခြားသိရှိစေရန် အတွက်ခွေး ကို စောင့်ကြည့်ရန် အရေးကြီး ပါသည်။

 

ခွေးရူးလက္ခဏာများ
ခွေးရူး၏ လက္ခဏာများမှာ နုံးချိသော အမူအယာရှိခြင်း၊ မူမမှန်သော အပြုအမူဖြစ် သည့် သခင်ကို ရန်မူခြင်း၊ သွားရည်များကျခြင်း၊ အမြီးကုပ်ခြင်း၊ ရန်မူခြင်း၊ ဂနာမငြိမ်ခြင်း တို့ကို တွေ့ရမည် ဖြစ်ပါသည်။

 

ပြုစုခြင်း
၁။ ခွေးကိုက်သော ဒဏ်ရာကို လက်ဖြင့် တိုက်ရိုက်ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းမပြုရ။ လက်အိတ် (သို့) ဇာဂနာ အသုံးပြုပါ။ 

၂။ ဒဏ်ရာအား ရေများများလောင်းပါ၊ မပွတ်ရ၊ မညှစ်ရပါ။

၃။ သန့်စင်သောပိတ်ပါးစအုပ်ခြင်း (သို့) ပတ်တီးစည်းခြင်း ပြုလုပ်ပါ။

၄။ ဆေးရုံ၊ ဆေးခန်းသို့ပို့ပြီး ဆရာဝန်၏ညွှန် ကြားချက်အတိုင်း လိုက်နာ ၍ ဆေးကုသမှုခံယူပါ။

 

ကြောင်ကိုက်ခြင်း
ကြောင်ကိုက်သော ဒဏ်ရာသည် ခွေးကိုက်သော ဒဏ်ရာထက် ပို၍ယင်းလွယ် သည်။ ကြောင်ကိုက်သောကြောင့် ခွေးရူးပြန်နိုင်သည်။ ထို့ကြောင့် ကြောင်ကိုက်သော် လည်းခွေးရူးကာကွယ်ဆေးထိုးရန် လိုအပ်ပါသည်။

 

ပြုစုခြင်း
ကြောင်ကိုက်သော ဒဏ်ရာအား ခွေးကိုက်သော ဒဏ်ရာကဲ့သို့ပြုစုပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref: အခြေခံရှေးဦးသူနာပြုစုုုုခြင်း လက်စွဲစာအုပ်
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18