Print

Fainting (မူးမေ့ခြင်း)

  24-Feb-2017
Preview Image

သတိမေ့မျောမတတ် မူးဝေခြင်းသည် ဦးနှောက်ဆီသို့ သွေးဖြန့်ဝေမှု ခေတ္တဆိုင်းငံ့ သွားခြင်းကြောင့်ပင်ဖြစ်သည်။ တစ်ခါတစ်ရံ နှလုံးခုန်နှေးသွားသည့် အချိန်၌ ခန္ဓာကိုယ် အပေါ်ပိုင်းဘက်သို့ သွေးလုံလောက်စွာ ပို့မပေးနိုင်သည့် အခြေအနေကြောင့်လည်း မူးမေ့လဲကျသွာတတ်သည်။

 

မူးမေ့လွယ်ခြင်းကို ဖြစ်ပေါ်စေသော အောက်ပါအခြေအနေများကို သတိပြုပါ။

• ပူလောင်အိုက်စပ်၍ အသက်ရှူမဝခြင်း၊ အပူလွန်ကဲနေခြင်း
• အချိန်အတန်ကြာ မတ်တတ်ရပ်နေရခြင်း
• စိုးရမ်ထိတ်လန့်ခြင်း၊ စိတ်ဖိစီးမှုများခြင်း
• နာကျင်သောဝေဒနာ ပြင်းထန်စွာ ခံစားရခြင်း
• အချိန်အတော်ကြာ ချောင်းဆိုးနေခြင်း

 

မူးမေ့လဲကျခြင်း (မကြာမီ) ဖြစ်ပေါ်စေသည့် လက္ခဏာများ -

• မျက်နှာနှင့် အသားအရေများ ဖြူဖပ်ဖြူရော် ဖြစ်လာမည်။ 
• ချွေးထွက်များနေမည်။
• ခေါင်းမူးမည်/ ခေါင်းထဲ၌ ရီဝေဝေဖြစ်နေမည်။
• မြင်ကွင်းများ မှုန်ဝါးလာမည်။
• အသိစိတ်လွတ်သွားမည်။
• ထို့နောက် နေရာမှ (ရုတ်တရက်)လဲကျမည်။

 

မူးမေ့ကျသည့်လူနာအား အောက်ပါအတိုင်း ပြုလုပ်ပါ။

၁။ လူနာအားလှဲပေးထားပါ။
၂။ လူနာ၏ ခြေထောက်များအား မြင့်မြင့်ထောင်ထားပေးပါ။
၃။ ခန္ဓာကိုယ်ပေါ်မှ တင်းကျပ်သော အဝတ်အစားများ ဖြေလျှော့ပေးပါ။
၄။ လူနာအား မတ်တတ်ရပ်သည့်ပုံစံ အနေအထားဖြင့် လုံးဝမထားရပါ။
၅။ အသက်ရှူလမ်းကြောင်း ပွင့်လန်းပြီး အသက်ရှူသံပြင်းပြင်းကြားရပါက လူနာအား သက်သောင့်သက်သာ ပုံစံဖြင့်ထားပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဦးသိန်းအောင်လှိုင် (ဆေးပညာ)
ရှေးဦးသူနာပြုစုနည်း စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18