Print

အပိတ်ဒဏ်ရာ ထောင်းကြေဒဏ်ရာ

  24-Feb-2017
Preview Image

တုံးသော အရာဝတ္ထုတစ်ခုဖြင့် ခန္ဓာကိုယ်ကို တိုက်ရိုက် ထိခိုက်ခြင်းကြောင့် အရေပြားပေါက်ပြဲမှုမရှိပဲ အရေပြားအောက်ရှိ တစ်ရှုးနှင့်သွေးကြောများ ကြေသွားသဖြင့် ထိခိုက်သော နေရာတစ်ဝိုက်၏ အရေပြားအောက်တွင် သွေးယိုထွက်မှုဖြစ်ပေါ်ပြီး ဖူးယောင်ညိုမည်းကာ သွေးခြေဥလျက်ကျန်ရှိသည်။

 

ပြုစုခြင်း
- သွေးယိုထွက်မှုကို ထိန်းချုပ်ရန် မိနစ် (၂၀) အတွင်း ရေခဲအိတ်ဖြင့် အုပ်ပေးပါ။
- ဆွဲဆန့်နိုင်သော ပတ်တီးနှင့် အရေပြားကြားတွင်နူးညံ့သည့် အဝတ်ခံ၍စည်းပါ။
- အရိုးကျိုးခြင်းရှိမရှိ စစ်ဆေးပါ။
- နာကျင်မှုနှင့် ယောင်ယမ်းမှုသက်သာအောင် ဒဏ်ရာအပိုင်းကို လူနာ၏ နှလုံးအထက် သို့ မြှင့်ထားပါ။ လိုအပ်ပါက ကြပ်စည်းပေးပါ။

 

သတိပြုရမည့်အချက်များ အနာထဲရောဂါပိုးဝင်ရောက်ကူးစက်ခြင်း
ဒဏ်အနာတရမှန်သမျှကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ရောဂါပိုးဝင်ရောက်နိုင် သည်။ ရောဂါပိုးဝင်ရောက် ကူးစက်သွားပါက အနာမှာပိုမိုဆိုးရွား ပျက်စီးလာပြီး မလိုလား အပ်သော ဆိုးကျိုးများဖြစ်ပေါ်တတ်သည်။

 

၁။ ရောဂါပိုးဝင်ရောက်ပြီဆိုလျှင် အနာအများစုမှာ ယောင်ကိုင်းပြီနီရဲလာသည်။
၂။ ဒဏ်ရာကို ကိုင်ကြည့်ပါက နွေးနေပြီ နာကျင်နေတတ်သည်။
၃။ တခါတရံပြည်ထွက်လာတတ်သည်။
၄။ အဖျားဝင်လာပြီးပေါင်ကြား (ခြေ) ချိုင်းကြား (လက်) တို့တွင် အကြိတ်များယောင်လာမည်။
၅။ အဖျားဝင်သည့် အပြင်ချမ်းပြီးတုန်တက်လာပါက ရောဂါပိုးသည် ခန္ဓာကိုယ်အနှံရောက်နေပြီဖြစ်သည်။ ယင်းအခြေအနေသည် သွေးဆိပ်တက်ခြင်းဖြစ်သည်။
၆။ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးပို့ရန်လိုအပ်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှ ကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18