Print

Asphyxia အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း

  24-Feb-2017
Preview Image

ကိုယ်ခန္ဓာအတွက် လိုအပ်သော လေ၊ အထူးသဖြင့် အောက်စီဂျင် ဓာတ်မရရှိဘဲ အသက်ရှူမွန်းကျပ်သော အခြေအနေကို ခေါ်သည်။ ဖြစ်စေနိုင်သော အကြောင်းရင်း များပြားစွာရှိသည်။ လည်ပင်းညှစ်ခံရသကဲ့သို့ အသက်ရှူလမ်းကြောင်းပိတ်ဆို့သော အခြေအနေမျိုးမှအစ၊ အစားအစာများ၊ အရာဝတ္ထုများ လည်ပင်းတွင် နင်၍ လေဝင် ပိတ်ဆို့ခြင်း စသည်တို့ကြောင့် အသက်ရှူမွန်းကျပ်ခြင်း ဖြစ်နိုင်သည်။ 

 

ထို့ပြင် အိမ်အတွင်းတွင် မီးလောင်ခြင်းကြောင့် မီးခိုးများ ပိတ်ဆို့နေသည်ကို ရှူမိပါကလည်း ဤသို့ဖြစ်နိုင်သည်။ ထို့အတူပင် ဓာတ်လိုက်ခြင်းကြောင့် အသက်ရှူ သွင်းရာတွင် လုပ်ဆောင်ပေးရသော ကြွက်သားများ သေသွားပြီး အသက်ရှူမွန်းကျပ်တာ အသက်အန္တရာယ်ဖြစ်နိုင်ပါသည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ အသက်ရှူ မွန်းကျပ်ခြင်း စတင်ဖြစ်ပွားသည်နှင့် အသက်မဆုံးရှုံးရန် ပုံမှန်အသက်ပြန်ရှူနိုင်အောင် လုပ်ဆောင်ပေးရမည်။

 

ကလေးငယ်တို့တွင် လည်ပင်းတွင် အရာဝတ္ထုတစ်ခုခုနင်ပြီး မျက်နှာပြောသွားသည်ကို တွေ့ရပါက ခြေထောက်မှ စောက်ထိုးကိုင်မြှောက်၍ နောက်ကျောကို ခပ်ပြင်းပြင်း ထုပေးခြင်းဖြင့် နင်နေသော အရာထွက်သွားနိုင်ပါသည်။ ဤသို့ပြုလုပ်၍မှ မရလျှင် ရင်ညွှန့်အောက်နားမှ အရှိန်ဖြင့် ဆောင့်၍ ထုလိုက်ပါက ထွက်သွားနိုင်ပါသည်။ 

 

ထို့နောက် ဆေးရုံ၏ အရေးပေါ်ဌာနသို့ ပို့ဆောင်ကုသပေးသင့်သည်။ဂက် (စ်) ငွေ့၊ မီးခိုးငွေ့များ ရှူမိခြင်း၊ ဓာတ်လိုက်ခြင်း၊ ရေနစ်ခြင်း စသည်တို့ကြောင့် အသက်ရှူရပ်သွားပါက အရေးပေါ် အသက်ရှူကုသရန် လိုအပ်ပြီး နှလုံးသွေးခုန်နှုန်း စမ်းသပ်၍ မရပါက external cardiac massage (ပြင်ပမှ နှလုံးကို နှိုးဆွခုန်စေခြင်း) ကို စတင်ပြုလုပ်ရပါမည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမေမိုးနွယ်
မိသားစု ကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18