Print

မိုးကြိုးပစ်ခံရခြင်း

  24-Feb-2017
Preview Image

မိုးကြိုးပစ်ခြင်း (ဝါ) ကောင်းကင်မှ လျှပ်စစ်ဓာတ်လိုက်ခြင်းကြောင့် လူနာမှာ ချက်ချင်းသေလျှင်သေ၊ မသေက အောက်ပါအတိုင်း ဒဏ်ရာရနိုင်သည်။

 

(၁) နှလုံးရပ်ခြင်း
(၂) အသက်ရှူရပ်ခြင်း
(၃) ဦးနှောက်ထိခိုက်ခြင်း
(၄) အလိုလိုအာရုံကြောစနစ်ထိခိုက်ခြင်း
(၅) သွေးလှည့်အဖွဲ့ထိခိုက်ခြင်း
(၆) နားထိခြင်း ( နားကန်းခြင်း Deafness)
(၇) အတွင်းတိမ် (Cataract) ဖြစ်ခြင်း
(၈) ခြေလက်ထုံကျင်ခြင်း
(၉) ရေရှည်ခန္ဓာကိုယ်နာကျင်ခြင်း
(၁၀) ကြွက်သားများ နာကျင်ခြင်း
(၁၁) သတိမေ့ခြင်း
(၁၂) စိတ်ကျရောဂါရခြင်း
(၁၃) အိပ်ရေးပျက်ခြင်း
(၁၄) ခေါင်းမူးခေါင်းကိုက်ခြင်း
(၁၅) အတက်ရောဂါရရခြင်း
(၁၆) နှလုံးရောဂါရခြင်း
(၁၇) အဆုတ်ရောဂါရခြင်း
(၁၈) နားစည် (Tympanic Membrane) ကွဲခြင်း
(၁၉) မျက်စိအတွင်းဆုံးလွှာကွာခြင်း (Retinal Detachment)

 

ကာကွယ်ကုသမှု
(၁) မိုးချုန်းနေချိန်၊ လျှပ်စီးလက်နေစဉ် လျှပ်စစ်ဓာတ် မလိုက်အောင်နေတတ်ဖို့ ပညာပေးခြင်း။
(၂) အိမ်များ၊ အဆောက်အဦးများ မိုးကြိုးလွှဲကောင်းစွာတပ်ခြင်း။
(၃) ဟန်းဖုန်း၊ ရေဒီယို၊ လျှပ်စစ်ပစ္စည်းများ ဓာတ်မလိုက်၊ မိုးမချုန်းခံရအောင် သုံးတတ်ခြင်း၊
(၄) မိုးချုန်းခံရက လိုအပ်သလိုကုသခြင်း

 

မိုးချုန်းခံရသူ (ဝါ) မိုးကြိုးပစ်ခံရသူ (ဝါ) လျှပ်စီးလိုက်ခံရသူကို ကူညီခြင်း

(၁) ထိုသူမည်သို့ မိုးကြိုးပစ်ခံရသည်ကို စဉ်းစားပါ။ သူ့ထံ အရမ်းပြေးဝင်မသွားပါနှင့်။
(၂) သူ့တွင်ရှိသော လျှပ်စစ်ဓာတ်လိုက်စေသည့်ပစ္စည်းကို အဝေးမှ ဝါးလုံး၊ တုတ်စသည်သုံး၍ ဖယ်ရှားပါ။
(၃) သူသတိရမရကြည့်ပါ။
(၄) သူအသက်ရှင်သေးပါက အကူအညီခေါ်ပါ။ ရဲ၊ မီးသတ်၊ အရေးပေါ်ဆရာဝန်၊ ကြက်ခြေနီ တစ်ခုခု။
(၅) ထိုသူကိုယ်ပေါ်သို့ ဓာတ်မလိုက်သောအဝတ်၊ စောင်၊ မိုးကာ၊ ကင်းဗတ်စ်ရွက် ဖုံးပေးပါ။
(၆) မိုးချုန်းရပ်ပါက သူ့ထံသို့ ဘာသတ္တု၊ လျှပ်စစ်ဓာတ်လိုက်သောအရာမှ မကိုင်ဘဲထားပါ။
(၇) အသက်ရှူကူပေးပါ။
(၈) မီးလောင်သောအဝတ်များဖယ်ပါ။
(၉) နွေးထွေးအောင်အဝတ်ဖုံးပါ။ စောင်ခြုံပေးပါ။
(၁၀) နှစ်သိမ့်စကားပြောပါ။
(၁၁) သွေးမလန့်အောင်ပြုစုပါ။
(၁၂) မိမိမှာလည်း ဘာမှမဖြစ်အောင် ဂရုစိုက်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာစာအုပ်မှ ကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18