Print

Gastroenteritis (အထက်လန် အောက်လျှော ရောဂါ)

  24-Feb-2017
Preview Image

အူရောင်ခြင်းသည် အန်ခြင်းနှင့် ဝမ်းလျှောခြင်းကို အဓိက ဖြစ်စေသော အကြောင်းရင်း ဖြစ်သည်။ အရွယ် မရွေး ဖြစ်ပွားတတ်ပြီး ကလေးများတွင် ပို၍ အဖြစ်များ သည်။အထက်လန် အောက်လျှော ရောဂါသည် ဖြစ်ပွားလျှင် ခံစားရခက် သော်လည်း ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါက တစ်ပတ်ကြာလျှင် အလိုအလျောက် ပျောက်ကင်းသွား တတ်သည်။

 

လက္ခဏာများ
- ရုတ်တရက် ဝမ်းအရည် သွားခြင်း
- နေမထိ ထိုင်မသာ ဖြစ်ခြင်း
- အန်ခြင်း
- ငွေ့ငွေ့ ဖျားခြင်း
- အစားအသောက် ပျက်ခြင်း
- ခေါင်းကိုက်ခြင်း
- ခန္ဓာကိုယ် နာကျင်ခြင်း

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ကလေးများတွင် "(Rota virus) ရိုတာ ဗိုင်းရပ်စ်" ကြောင့် အဓိက ဖြစ်ပွားရသည်။လူကြီးများတွင် (Norovirus) နော်ရို ဗိုင်းရပ်စ် ကြောင့် ဖြစ်ပွားနိုင်သည်။ထို့အပြင် ဘက်တီးရီးယားပိုးဝင်ပြီး အစာ အဆိပ်သင့်ခြင်းများ ၌လည်း ဖြစ်ပွားနိုင်ပါသည်။

 

နောက်ဆက်တွဲ ပြဿနာများ
ဆုံးရှုံးသွားသည့် ရေများကို လုံလောက်စွာ ပြန်လည် မဖြည့်နိုင်ပါက ပြင်းထန် သည့် ရေဓာတ် ဆုံးရှုံးခြင်းကို ခံစားရနိုင်သည်။ ထိုအခြေအနေမျိုးတွင် ဆေးရုံတက် ပြီး သွေးကြောမှ ရေဓာတ် ပြန်လည် ဖြည့်တင်းခြင်း ပြုလုပ်ရမည်။

 

ဆရာဝန်နှင့် သွားရောက် ပြသ သင့်သော အချက်များ
- ရေဓာတ် အလွန် ဆုံးရှုံးသည့် လက္ခဏာများ ပေါ်ပေါက်ခြင်း
- သွေးဝမ်း သွားခြင်း
- မည်သည့် အရည်မျှ မသောက်နိုင်အောင် အဆက်မပြတ် အန်နေခြင်း
- အဖျားကြီးခြင်း
- ရက်ပေါင်း အနည်းငယ် ကြာသည် အထိ မသက်သာခြင်း
- ကျောက်ကပ်ရောဂါ၊ ခုခံအား လျော့နည်းသည့် ရောဂါ စသည်တို့ အရင်ကတည်းက ရှိနေ ပါက သွားရောက် ပြသသင့်သည်။

 

စစ်ဆေးမှုများ
- ဝမ်းစစ်ခြင်း
- သွေးစစ်ခြင်း

 

ကုသခြင်း
- အရည်များကို လုံလောက် များပြားစွာ ပုံမှန်ထက် ပို၍ သောက်ပါ။ (အဘယ်ကြောင့် ဆိုသော် ဝမ်းသွားခြင်း၊ အန်ခြင်းတို့ ဖြစ်ပွား ထားသောကြောင့် ရေဓာတ် ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်ရန် ဖြစ်သည်။)
- လုံလောက်စွာ အနားယူပါ။
- အစာပျော့ပျော့ နှင့် နူးညံ့သော အစားအစာမျိုး ကိုစားပါ။ ဥပမာ- ဆန်ပြုတ်၊ စွပ်ပြုတ်၊ ပေါင်မုန့်။
- ဓာတ်ဆားရည်များ လိုအပ်သလို သောက်ပေးပါ။
- အအန်ပျောက်ဆေး၊ ဝမ်းပိတ်ဆေးများ ဆရာဝန် ညွှန်ကြားသည့် အတိုင်း သောက်ပါ။

 

ကာကွယ်ခြင်း
- နေမကောင်း ဖြစ်ပြီး ၄၈ နာရီ အတွင်း ရုံးသွား၊ ကျောင်းသွားခြင်း မပြုလုပ်ရပါ။
- အိမ်သာ သွားပြီးတိုင်း လက်ကို ဆပ်ပြာဖြင ့် စင်ကြယ်အောင် ဆေးကြောပါ။
- အန်ဖတ်၊ မစင်ဖြင့် ညစ်ပေနေသည်ဟု ထင်သည့် နေရာများကို စင်ကြယ်စွာ သန့်ရှင်းရေး ပြုလုပ်ပါ။
- မိမိ၏ အဝတ်အစား၊ အသုံးအဆောင်၊ ပန်းကန်များကို ရောဂါ ဖြစ်နေစဉ် အတွင်း အခြားသူများနှင့် မျှဝေ မသုံးစွဲရပါ။
- တကိုယ်ရည် သန့်ရှင်းမှုကို လိုက်နာပါ။

 

Dr.hp
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: NHS choices
Mayo clinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18