Print

လုံးဝ သတိမေ့မျောခြင်း(Coma)

  24-Feb-2017
Preview Image

လုံးဝ နှိုးမရအောင် အိပ်ပျော်ခြင်း (ဝါ) မေ့မျောခြင်း (Coma)
လုံးဝ သတိမေ့မျောခြင်းဆိုသည်မှာ လူနာသည် မည်သည့် လှုံ့ဆော်မှု ဥပမာ အသံဖြင့် ခေါ်ခြင်း၊ ပင်အပ်ဖြင့် နာကျင်အောင် ထိုးခြင်းတို့ကို မတုန့်ပြန်ဘဲ အသက်ရှူရုံသာ ရှူနေရခြင်း ဖြစ်သည်။ အသက်ရှူပြီး နှလုံးခုန်နေသဖြင့် မသေသည်မှအပ အခြားသက်ရှိ လုပ်ငန်းများကို မလုပ်နိုင်ပေ။ စကားပြောခြင်း၊ ခြေလက်လှုပ်ခြင်း၊ မိမိဘာသာ စားသောက်ခြင်းတို့ မပြုလုပ်နိုင်ပေ။ ဤသည်မှာ အိပ်မောကျခြင်း (Deep Sleep) နှင့်တူ၏ ။ အိပ်မောကျခြင်းထက် ဆိုးသည်မှာ မည်သည့်အချိန်တွင် ပြန်နိုးလာမည်ဟု မသိခြင်း ဖြစ်သည်။ ဆေးပညာအရ ကိုမာ (Coma) ရသူမှာ ၆ နာရီ အထက်ကျော် ဤသို့ ဖြစ်နေခြင်း ဖြစ်သည်။ အချိန်မရွေး သေရွာသွားနိုင်သည်။

 

အရေးပေါ်ကုသမှု
(၁) A B C ကို ဂရုစိုက်ပါ။

(က) A အသက်ရှူလမ်းကြောင်း
(ခ) B အသက်ရှူမှု
(ဂ) C သွေးလှည့်ပတ်မှု

 

(၂) သို့ဖြစ်၍ လူနာကို အိပ်ရာပေါ်မှာ ပက်လက်ထားပါ။

 

(၃) ဦးခေါင်းကို တစ်ဖက်လှည့်၍ လျှာကို မလန်အောင် ဇွန်းမြီး (သို့) ဆေးရုံသုံး အဝတ်စ ဝါ (Gauze) ဖြင့် ဆွဲထားပါ။

 

(၄) လျှာ မကိုက်မိအောင် ပါးစပ်ကို ဖွင့်ထားပါ။

 

(၅) လည်ပင်းကို မကြပ်အောင် အကျင်္ ီကြယ်သီး ဖြုတ်ထားပါ။

 

(၆) နှာခေါင်းမှ အောက်ဆီဂျင်ပြွန် တပ်ပါ။ ဆေးရုံမှာဆိုက လည်ချောင်းကိုခွဲ၍ လေရှူပြွန် (Endotracheal tube) တပ်နိုင်သည်။

 

(၇) သွေးလှည့်ပတ်မှု မှန်ကာ သွေးဖိအား မကျစေရန် သွေးကြောတွင်းသို့ ဓာတ်ဆားရည် (သို့) သွေး သွင်းနိုင်သည်။

 

(၈) ဤသို့ အသက်ရှင်မှုကို ထိန်းသိမ်းထားနိုင်က ဆေးရုံ ဆေးခန်း၌ ဆရာဝန် က ရောဂါဖြစ်ရခြင်း အကြောင်းကို စုံစမ်းကာ လိုအပ်သော ကုသမှုကို ပေးနိုင်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက်အရေးပေါ်ဆေးပညာစာအုပ်မှ ကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18