Print

ဦးခေါင်း ဒဏ်ရာရခြင်း

  24-Feb-2017
Preview Image

ဦးခေါင်းဒဏ်ရာရခြင်းမှာ ခေါင်းက ပစ္စည်းအမာ တစ်ခုခုကို သွားတိုက်၍ ဖြစ်စေ ဥပမာ အုတ်နံရံ၊ သို့မဟုတ် မာသောပစ္စည်း တစ်ခုခုက ဥပမာ အုတ်ခဲ၊ ကျည်ဆံ၊ ဘောလုံး က ဦးခေါင်းကို လာမှန်၍ ဖြစ်စေရနိုင်သည်။

 

ဦးခေါင်းဒဏ်ရာအမျိုးအစား
(၁) ဦးခေါင်းမှ သွေးထွက်ခြင်း
(၂) ဦးနှောက်မှသွေးထွက်ခြင်း
(၃) နား၊ နှာခေါင်း၊ မျက်စိ စသည်တို့မှ သွေး၊ အရည်ကြည်ကျခြင်း
(၄) မျက်စိသူငယ်အိမ် မညီခြင်း၊ အလင်း မတုန့်ပြန်ခြင်း
(၅) အိပ်ချင်ခြင်း
(၆) အပြုအမူ ပြောင်းလဲခြင်း
(၇) ခေါင်းကိုက်ခြင်း
(၈) လည်ပင်းတင်းခြင်း၊ လှုပ် မရနိုင်ခြင်း
(၉) ခြေ၊ လက်တစ်ခုခု မလှုပ်နိုင်ခြင်း
(၁၀) သတိမေ့ခြင်း
(၁၁) တစ်ကြိမ်မျှ အန်ခြင်း

 

အရေးပေါ်ကုသမှု
(၁) လူနာကို သတိရမရ စိစစ်ပါ။

 

(၂) သတိရလျှင် စိတ်မပူရန် ပြောဆို၍ ပြုစုပါ။

 

(၃) သတိမရလျှင် အရေးပေါ် အကြောင်းကြားကာ ဆက်ကုသပါ။

 

(၄) လူနာ၏ အသက်ရှူမှု၊ နှလုံးခုန်မှု မှန်အောင် ပြုစုပါ။

 

(၅) ဦးခေါင်းကို လည်ပင်းနှင့် တန်းတန်းထားပြီး ဘေးမှ အဝတ်အုံပါ။ မလှုပ်ပါစေနှင့်။

 

(၆) သွေးထွက်က သွေးထွက်သော နေရာကို အဝတ်အုပ်ပါ။ စည်းပါ။ အဝတ်စို သွားပါက မလဲပဲ ထပ်အဝတ်အုပ်ပါ။

 

(၇) ဦးခေါင်းခွံ ကွဲသည်ထင်က မည်သို့မျှ မလှုပ်ရှားပါနှင့်။ ထိုနေရာမှ ထွက်နေသော အစများကို မထုတ်ပါနှင့်။

 

(၈) အဝတ်ဖြင့် အုပ်ပါ။ ဖိပါ။

 

(၉) အောက်ပါတို့ကို မလုပ်ပါနှင့် (Don’ts)

(က) ဦးခေါင်းဒဏ်ရာကို ရေမဆေးပါနှင့်
(ခ) ဦးခေါင်းဒဏ်ရာမှ ဘာပစ္စည်းမျှ မထုတ်ပါနှင့်
(ဂ) လူနာကို နေရာ မရွေ့ပါနှင့်
(ဃ) လူနာကို မလှုပ်နှိုးပါနှင့်
(င) လူနာ ဆောင်းထားသော ဦးထုပ်၊ သံခမောက် မချွတ်ပါနှင့်
(စ) လဲကျသော ကလေးကို သွားမချီပါနှင့်
(ဆ) ဦးခေါင်းဒဏ်ရာရပြီး ၄၈ နာရီအတွင်း အရက် မသောက်ပါစေနှင့်

 

ဆေးရုံ အရေးပေါ်ဌာနတွင် ကုသရန်
(၁) စောင့်ကြည့်ခြင်း
(၂) ခေါင်းကိုက်လျှင် ခေါင်းကိုက်ပျောက်ဆေး ပေးခြင်း။ ဥပမာ Panadol, Motrin, Paracetamol
(၃) ပါးစပ်မှ ဘာမျှမကျွေး၊ မတိုက်ရ
(၄) ပျို့အန်က မအန်ဆေး ပေးခြင်း၊ ဥပမာ Antivert, Antvomine, Stemetil
(၅) ဦးခေါင်းနှင့် လည်ပင်းဓာတ်မှန်ရိုက်ခြင်း၊ CT ရိုက်ခြင်း
(၆) ဘာမျှမထူးခြားက ဆေးရုံမှ အိမ်ပြန်ခိုင်းပြီး နားစေခြင်း
(၇) စစ်ဆေးပြီးမှ အလုပ်ခွင်ဝင်စေခြင်း (အနည်းဆုံး ၃ ပတ် မှ ၆ ပတ်ကြာမှ)။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက်အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18