Print

Air-con ခန်းထဲ အရေပြားကို ခြောက်သွေ့ခြင်း မဖြစ်အောင်

  24-Feb-2017
Preview Image

 

အကယ်၍ သင် make up အသုံးပြုခဲ့ပါက မလိမ်းမီ moisturizer ကို ဂရုတစိုက်နဲ့ လိမ်းပေးရပါမည်။ကြာရှည်ခံတဲ့ moisturizer ဖြစ်လျှင် ပိုပြီးကောင်းမွန်ပါလိမ့်မည်။ make up အသုံးမပြုသူဆိုလျှင်တော့ အလုပ်ခန်းထဲသို့ cool tower ကဲ့သို့သော အဝတ်စလေးများ အသင့်ယူဆောင်ထားပြီး နေ့လယ်နေ့ခင်းရောက်ချိန်လောက်တွင် အရေပြားအား ပွတ်တိုက်ပေးခြင်းဖြင့် သင့်အရေပြားကို ခြောက်သွေ့ခြင်းမှ လျော့ပါးစေပါသည်။ အိမ်သို့ပြန်ရောက်ပါကလည်း ရေချိုးပြီးဖြစ်စေ အရေပြားကို သန့်ရှင်းစေရန် ဆေးကြောပြီးနောက်ဖြစ်စေ ရေနွေးဝတ်ဖြင့် အရေပြားကို ပွတ်တိုက်ပေးခြင်းဖြင့် ချွေးပေါက်များကို ပွင့်စေပါမည်။ တစ်ဖန် toner ကို လိမ်းထားပေးပါ။ toner က အဆီပိုများကို စုပ်ယူပေးနိုင်မှာဖြစ်ပါတယ်။ တဖန် moisturizer ကို အရေပြားပေါ် လိမ်း၍ ၁၀-၁၅ မိနစ်ထားပြီးမှ ပြန်သုတ်ပစ်ပါ။ တစ်ပတ်လျှင်တစ်ကြိမ် မိမိအိမ်မှာပင်ဖြစ်စေမျက်နှာကိုရောနှော၍ ပြုလုပ်နိုင်ပါသည်။

 

၁။ မြင်းစားဂျုံမုန့်ညက်ပန်းကန်လုံးနှင့် တစ်လုံး
၂။ အလတ်စား ငှက်ပျောသီး တစ်ဝက်
၃။ အခွံခွာပြီးသား သခွားသီးအလတ်စားတစ်ဝက်
၄။ ပျားရည်ပန်းကန်လုံးနှင့် တစ်ဝက်
၅။ yogurt ပန်းကန်လုံးနှင့် တစ်ဝက်

 

ပထမဦးစွာ မြင်းစားဂျုံများကို blender ထဲသို့ ထည့်၍ကြိတ်ပါ။ ထိုအထဲသို့ ကျန်အရာများကို ခပ်သေးသေးစိတ်၍ မြင်းစားဂျုံထဲရောထည့်ပြီး ထပ်မံကြိတ်ပါ။ အထက်ပါ အမျိုးအမည်ပါဝင်သော အရည်ကို brush တစ်ခုဖြင့် အရေပြားပေါ် သုတ်လိမ်း၍ဖြစ်စေ၊ အဝတ်စနုနု တစ်ခုဖြင့်ဖြစ်စေ သုတ်လိမ်းပေးထားပါ။ ကျန်ရှိနေသေးသော အရည်များကို လေလုံအောင်ပိတ်ထားသော ပုလင်းထဲထည့်၍ ရေခဲသေတ္တာထဲသို့ ငါးရက်အထိ ထည့်ထားနိုင်ပါသည်။ မြင်းစားဂျုံတွင် အရေပြားကို နူးည့ံပြီး စိုစွတ်စေသော အာနိသင်ရှိပြီး ကျန်အရာများတွင် antioxidants protein များနှင့် vitamin များ ပါဝင်ပါတယ်။ အရပြားပေါ် ရေအေးနဲ့ ထပ်မံဆေးကြောပစ်ပါ။ 

 

Healthcare.com.mm

Ref:
Health for all magazine

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18