Print

မိခင်နို့တစ်မျိုးတည်းကို အသက်(၆)လ အထိတိုက်ကျွေးခြင်း၊ ကလေးသေဆုံးနှုန်း...

  24-Feb-2017
Preview Image

မိခင်နို့တစ်မျိုးတည်းကို အသက်(၆)လအထိ တိုက်ကျွေး ခြင်းဖြင့် ငါးနှစ်အောက် ကလေးသေဆုံးနှုန်းကို ၁၃ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန(အာဟာရ) မှ ညွှန် ကြားရေးမှူးဒေါက်တာ မေခင်သန်းက ပြောသည်။

 

‘‘ခြောက်လအထိကို မိခင် နို့တစ်မျိုးတည်း တိုက်ရုံနဲ့ ၁၃ ရာ ခိုင်နှုန်းလောက် လျှော့ချနိုင် တယ်။ ခြောက်လအောက် ကလေးတွေက မိခင်နို့ကလွဲပြီးဘာမှမလိုဘူး။ ခြောက်လကျော်မှ အာဟာရအင်အားနည်းနည်း လျော့သွားလို့ အဲဒီအချိန်ကျတော့မှ ဖြည့်စွက်စာ ထည့်ကျွေးဖို့ လိုအပ်ပါတယ်’’ဟု ၎င်းကပြောသည်။ ထို့ပြင် အသက် ၆ လ အ ရွယ်မှ (၂)နှစ်အရွယ်ထိ မိခင်နို့အား စနစ်တကျ တိုက်ကျွေးခြင်းဖြင့် ငါးနှစ်အောက်ကလေး သေဆုံးနှုန်းကို ၆ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း သိရသည်။

 

ထို့ကြောင့် မိခင်နို့တိုက် ကျွေးရေးစီမံချက်များ ရေးဆွဲခြင်း၊ ကလေးသူငယ်များ အစား အစာကျွေးမွေးခြင်းဆိုင်ရာ စာအုပ်ထုတ်ဝေခြင်း၊ ယူနီဆက်နှင့် ပူးပေါင်း၍ ဖြူးမြို့နယ်၌ မိခင်နို့ တစ်မျိုးတည်းတိုက်ကျွေးရေး စီမံချက်ရေးဆွဲ ဆောင်ရွက်ခြင်းအပြင် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် နို့ထွက်ပစ္စည်းများ ရောင်းချရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် တားဆီးရေးနှင့်အသိပညာပေး ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျန်းမာရေးဝန်ကြီးဌာနက နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ စျေးကွက်တင်ခြင်း ဆိုင်ရာအမိန့်ကို ဇူလိုင် ၂၄ ရက်က စတင်ထုတ် ပြန်ခဲ့ပြီးယင်းအမိန့်စာတွင် ထုတ်လုပ်ရောင်းချသူ(သို့မဟုတ်) ဖြန့် ဖြူးရောင်းချသူသည် မိခင်နို့တိုက် ကျွေးခြင်းကို ဟန့်တားမှုဖြစ်စေသည့် သဘောမသက်ရောက်စေရဟု ပါရှိကာ မလိုက်နာပါက အမျိုးသား အစားအသောက် ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်းပါရှိသည်။

 

‘‘ဒီအမိန့်မှာ မိခင်နို့တိုက် ကျွေးတာကိုပဲ အားပေးတယ်။ အခြားသတ်မှတ် အစားအသောက် တစ်မျိုးမျိုးကို ဆွဲဆောင်တဲ့သဘောမျိုး မဖြစ်စေရဘူးဆိုတာ ပါရှိတယ်။ ဒါ့ကြောင့် ဒီအမိန့်ကြော်ငြာစာကို လိုက်နာဖို့ အားလုံးမှာတာဝန်ရှိပါတယ်’’ဟု မြန်မာနိုင်ငံအစား
အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ (အစားအသောက်)မှ ညွှန်မှူး ဒေါက်တာထွန်းဇော်က ပြောသည်။ မြန်မာနိုင်ငံ၌ လက်ရှိအချိန်ထိ မွေးစအရွယ်မှ အသက် ၆ လအထိ မိခင်နို့တိုက် ကျွေးနှုန်း ၂၃ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများ၌ ဖော်ပြထားသည်။

 

Ref: 7Day News Journal(30.12.15)

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18