Phototherapy (အသားဝါကလေးများကို မီးပြခြင်း)
30-Oct-2016မွေးကင်းစကလေးများတွင် လူကြီးများနှင့် ယှဉ်လျှင် သွေးနီဥ ပြိုကွဲတာ ပိုများတာကြောင့် ဘီလီရူဘင်ဆိုတဲ့ ဓာတ်တစ်မျိုးများ နေတတ်ပါတယ်။ ဒါကြောင့်လည်း မွေးပြီး ၂ ရက်မှာလည်း ပုံမှန်အသားဝါတတ်ပါတယ်။ ရရက်မှာ ပျောက်သွားလေ့ရှိပါတယ်။ ဆေးပညာအရPhysiological Jaundice လို့ခေါ်ပါတယ်။မွေးစမှာ ၀ါနေလျှင်၊ မွေးပြီး ၃ရက်မှာ စဝါပြီး ၁ပတ်ကျော်၊ ၂ပတ်ကျော်နေလျှင် အသားဝါရောဂါ ဖြစ်နိုင်ပါတယ်။ အသားဝါရောဂါ ဖြစ်လျှင် လိုအပ်သော စစ်ဆေးမှုများကို ပြုလုပ်ပြီး မီးပြဖို့လိုလျှင် မီးပြရပါမယ်။အသားဝါရောဂါသည် အထူးသဖြင့် မွေးကင်းစများမှာ မပေါ့ဆသင့်တာကြောင့် လိုအပ်သည်များကို ဆရာဝန်ညွှန်ကြားချက်များနှင့် အညီ အထူးလိုက်နာဆောင်ရွက်သင့်ပါတယ်။