အသက်(၁)လမှ(၅)နှစ်ထိ ချောင်းဆိုးသော၊ အသက်ရှူရခက်သော ကလေးများအား
30-Oct-2016
ပြုစုရန်လမ်းညွှန်ချက်များ
=============
၁။ ကလေးကိုကျွေးမွေးနေကျ အစာကျွေးပါ။
- ကလေးနေမကောင်းဖြစ်နေချိန်တွင်လည်း အစာကျွေးပါ။
- နာလန်ထချိန်တွင် အစာပိုကျွေးပါ။
- နှာခေါင်းပိတ်၍ နို့စို့ရန်၊ (သို့) အစာစားရန်အခက်အခဲရှိပါက နှာခေါင်းကို ပိတ်စနုနုလေးအား ကတော့ပုံကျစ်၍ သန့်စင်ပေးပါ (သို့) တစ်ခါသုံး နားကြပ်တံဖြင့်
နှာခေါင်းကို သန့်စင်ပေးပါ။
၂။ အရည်ပိုတိုက်ပါ။
- ကလေးကိုတိုက်နေကျ အရည်ထက် အရည်ပိုတိုက်ပါ။
- မိခင်နို့ပိုတိုက်ပေးပါ။
- ကိုယ်ပူလျှင် ပါရာစီတမောတိုက်ပါ။
- အိမ်တွင် ပဋိဇီဝဆေးပေး၍ ကုသရသော ကလေးဖြစ်ပါက နှစ်ရက်ဆေးတိုက်ပြီး ပြန်ပြပါ။
Ref:
အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်
(ရပ်ရွာအဆင့်)
မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment
(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။