Print

ပြောင်းလဲတတ်သောရောဂါလက္ခဏာများ

  24-Feb-2017
Preview Image

ငါးနှစ်အောက်ကလေး ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများလျော့ချနိုင်ရေးအတွက် WHO၊ UNICEF စသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကလေးကျန်းမာရေး အတွက် လုပ်ဆောင်နေကြပါတယ်။ ကူးစက်ရောဂါပြန့်ပွားမှုအတွက်ကာကွယ်ရေးထိုးနှံရေးစီမံချက်များ လုပ်ဆောင်ခဲ့သဖြင့် အသေအပျောက်များသော ဝက်သက်ရောဂါများ ဖြစ်ပွားမှုနှုန်း ကျဆင်းလာခဲ့ပါတယ်။ မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံမှု စီမံချက်ကြောင့်လည်းကောင်း၊ မွေးကင်းစကလေး ပြုစုပျိုးထောင်ရေး စံနှုန်းများ တိုးတက်လာမှုကြောင့်လည်းကောင်း၊ မွေးကင်းစကလေး မေးခိုင်ရောဂါသေဆုံးမှု ကျဆင်းလာခဲ့ပါတယ်။

 

သန်ကောင်ရောဂါ
ယခင်နှစ်များတွင် ကလေးနှင့် သန်ကောင်ရောဂါကို ပုံစံအမျိုးမျိုးနဲ့ ဆေးရုံ၊ ဆေးပေးခန်းများတွင် တွေ့ရခဲ့ပါတယ်။ 

 

၁။ ဗိုက်အောင့်ခြင်း သန်ကောင်တွေကြောင့် သန်ထိုးပြီး ဗိုက်အောင့်ကြရပါရတယ်။ အချို့ကလေးများမှာ သန်ကောင်များ အူအတွင်းတွင် များပြားသဖြင့် အလုံးလိုက် စမ်းသပ်ရပါတယ်။ 

 

၂။ အူပိတ်ခြင်း၊ သန်ကောင်များ များပြားလွန်းသဖြင့် သန်များအခွေလိုက်ရှိနေပြီး အူပိတ်ခြင်းဖြစ်စေပါတယ်။ ကလေးများအနေနဲ့ ဗိုက်ဖောင်းခြင်း၊ အန်ခြင်း၊ ဝမ်းချုပ်ခြင်းစသော လက္ခဏာများဖြစ်ပေါ်စေပါတယ်။

 

၃။ သည်းခြေလမ်းကြောင်းပိတ်၍ သည်းခြေအိတ်ရောင်ခြင်း -
သန်ကောင်များက အူအတွင်းများစွာသွားနေပြီး သည်းခြေလမ်းကြောင်းပိတ်ပြီး သည်းခြေအိတ် ရောင်ရမ်းခြင်းဖြစ်ပါသည်။ သည်းခြေအိတ်ကို စမ်းသပ်ရရှိပြီး ကလေးမှာ ဗိုက်အောင့်ပြီး အသားဝါခြင်းလည်း ဖြစ်လာပါတယ်။ 

 

၄။ ရင်ကျပ်ခြင်း - သန်ကောင်မဖြစ်မီ LARTVAE များကြောင့် ကလေးများတွင် အသက်ရှူကျပ်ခြင်း ဖြစ်ပေါ်စေတတ်ပါတယ်။ 

 

၅။ အသည်းရောင်ခြင်း - အသည်းပြည်တည်ခြင်းများလည်း ဖြစ်တတ်ပါတယ်။ 

 

၆။ သန်ကောင်များ များပြားပါက ကလေးတစ်ယောက်အနေနှင့် တက်ခြင်းရောဂါ ဖြစ်တတ်ပါတယ်။ 
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ၊ ယခုခေတ်အခါများတွင် လျော့နည်းပပျောက်လာနေကြပြီ ဖြစ်ပါတယ်။ ကျောင်းကျန်းမာရေးစီမံကိန်းဖြင့် ကလေးများကို ခြောက်လတစ်ကြိမ် သန်ချဆေးတိုက်ကျွေးခြင်း ဖြင့် သန်ကောင်ရောဂါပပျောက်စေရန် ဆောင်ရွက်လျက်ရှိပါတယ်။ ယခင်က မိဘများအနေနဲ့ သန်ချဆေး တိုက်ကျွေးရန် ကြောက်ရွ့့ကြပါတယ်။ ယခုအခါမှာတော့ ခေတ်မီလာသောသန်ချဆေး အသစ်များကြောင့် ကလေးအတွက် ဘေးအန္တရာယ်မရှိ တိုက်ကျွေးနိုင်ပြီဖြစ်ပါတယ်။ 

 

ဘယ်ရီဘယ်ရီရောဂါ
မိခင်များကိုယ်ဝန်ရှိစဉ်နှင့် နို့တိုက်ကျွေးစဉ်အချိန်များတွင် အစားအစာရှောင်ခြင်းကြောင့် အသက်သုံးလမှ တစ်နှစ်အောက် ကလေးငယ်များတွင် ဘယ်ရီဘယ်ရီ ရောဂါဖြစ်တ်ကြပါတယ်။ အသက် ခြောက်လပြည့်လျှင် ဖြည့်စွက်စာကျွေးရာတွင်လည်း လုံလောက်မျှတ ပြည့်ဝသောအစာများ ကျွေးမွေးခြင်း မပြုသဖြင့်လည်း ဘယ်ရီဘယ်ရီရောဂါကို ဖြစ်စေရန် အထောက်အကူပြုပါတယ်။ 

 

ဘယ်ရီဘယ်ရီရောဂါအနေနှင့် -
၁။ အသံမထွက်ခြင်း၊ အသံတိတ်ဖြစ်နေခြင်း၊ ၂။ အမောဖောက်ခြင်း၊ ၃။ တက်ခြင်းစသော ပုံစံများဖြင့် ရောဂါလက္ခဏာ တွေ့ရှိရမှာဖြစ်ပါတယ်။ 
ယခုအခါမှာတော့ မိခင်လောင်းများအား ကိုယ်ဝန်ရှိစဉ်အတွင်း ဗီတာမင် ဘီဝမ်းဆေးများကို တိုက်ကျွေးခြင်း၊ အစားအစာရှောင်ကြဉ်ခြင်းကို ပညာပေး တိုက်ဖျက်ပစ်ခြင်း စတာတွေလုပ်ဆောင် နေပါတယ်။ ဘယ်ရီဘယ်ရီရောဂါဖြစ်မှု ကျဆင်းလာပါတယ်။ ဒါပေမဲ့လည်း အချို့သောမိခင်များမှာ ရှေးရိုးစွဲလူကြီးများကြောင့် နို့တိုက်စဉ် အစာရှောင်ခြင်း၊ ငါး၊ ငါးခြောက်များသာ စားသောက်ခြင်း၊ စသောအလေ့အထများကြောင့် ဘယ်ရီဘယ်ရီရောဂါ တွေ့ရှိရဆဲ ဖြစ်ပါတယ်။ အမောဖောက်သော ဘယ်ရီဘယ်ရီမှာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် အချိန်မီဆေးရုံ၊ ဆေးခန်း မရောက်ရှိပါက အသက်သေဆုံးခြင်းဖြစ်ရပါတယ်။ 

 

ပိုလီယိုရောဂါ
ယခင်တုန်းကဆိုရင် ကလေးတစ်ယောက်ဖျားရင် ဆေးကုသမှု လုပ်ခဲ့ကြရာမှာ အခန့်မသင့်ရင် ဆေးထိုးတဲ့ အကြောင်းကြောင့် ကလေးမှာ ပိုလီယို ရောဂါဖြစ်တတ်ပါတယ်။ ပိုလီယိုရောဂါကာကွယ်ဆေးကို ကလေးတိုင်းကို မတိုက်နိုင်တဲ့အတွက် ပိုလီယိုရောဂါမှာ ဆေးထိုးခြင်းကြောင့် ဖြစ်ခဲ့ကြပါတယ်။ 


ယခုအခါမှာတော့ ပိုလီယိုရောဂါကာကွယ်ဆေးကို တစ်တိုင်းပြည်လုံး တိုက်ကျွေးနိုင်ခဲ့ပြီး “ပိုလီယိုကင်းစင် မြန်မာပြည်တစ်ခွင်” ဟုကြေညာခဲ့ပြီးဖြစ်ပါတယ်။ 


Healthcare.com.mm

Ref:
ပါမောက္ခဒေါက်တာအေးသောင်း 
(ကလေးအထူးကု သမားတော်ကြီး)
Health for all magazine, November 2013, Pg.13-14



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18