Print

ကလေးငယ်များ ဒေါသပေါက်ကွဲခြင်း

  24-Feb-2017
Preview Image

ကလေးငယ်များ ဒေါသပေါက်ကွဲသည့်အခါ ကြမ်းပြင်ပေါ် (သို့) မြေကြီးပေါ်သို့ ကိုယ်ကိုပစ်လှဲခြင်း၊ လူးလှိမ့်ခြင်း၊ အော်ဟစ်ခြင်း၊ လက်ခြေထောက်တို့ဖြင့် ကန်ကြောက်ခြင်း စသည်တို့ ပြုလုပ်တတ်ကြသည်။ တစ်ခါတစ်ရံ နံရံသို့မဟုတ် အိမ်တိုင်အား ၎င်း၏ခေါင်းဖြင့် ပြေးဆောင့်ခြင်း၊ အသက်မရှူဘဲ နေခြင်းများလည်းပြုတတ်ကြသည်။ဤကဲ့သို့ ဒေါသပေါက်ကွဲခြင်းသည် တစ်ခါတစ်ရံသာ ဖြစ်ပါက သာမန်အပြုအမူ တစ်ခုမျှသာဖြစ်၏။ ၎င်း၏ အတွေ့အကြုံနည်းမှု မစွမ်းဆောင်နိုင်မှုကြောင့် လိုဘမပြည့်မှုကို မဖြေရှင်းနိုင်ခြင်း၊ ကြ့ံကြံံ့ခိုင်ခိုင်ခံနိုင်မှု မရှိခြင်းဖြစ်ပေသည်။ 

 

သို့သော် နေ့တိုင်းတစ်ကြိမ် (သို့) အကြိမ်များစွာ ဒေါသအိုး ပေါက်ကွဲနေတတ်ပါကစိတ်လှုပ်ရှားမှုနှင့် ဆိုင်သည့် ညှိယူလွဲမှု လက္ခဏာတစ်ရပ် ဖြစ်တော့သည်။မိဘများ၏ တင်းကျပ်သော စည်းကမ်း၊ အခြားကလေးများအား ပို၍ ဂရုစိုက်ခြင်း၊ သူ့အား ပစ်ထားခြင်းစသည့် စိတ်မလုံခြုံမှုကို ဖြစ်စေသည့် အပြုအမူကြောင့် သူ၏ဒေါသ ပေါက်ကွဲလာခြင်းဖြစ်သည်။

 

တစ်ခါတစ်ရံ မိဘများ၏ ဂရုစိုက်မှုရရန် ဒေါသပေါက်ကွဲတတ်သည်။ ယင်းအခြေအနေတွင် ၎င်းအား ဂရုစိုက်ခြင်း ချစ်ခင်မှုကို ပြခြင်းဖြင့် ထိုအလေ့အထကို ပျောက်ကွယ်စေနိုင်သည်။ မိမိလိုချင်သော အရာရရန် ဒေါသပေါက်ကွဲသူအား ဂရုမစိုက် အလေးမထားခြင်းဖြင့် ထိုအကျင့်ကို ပျောက်စေနိုင်သည်။ ဒေါသပေါက်ကွဲခြင်းဖြင့် လိုရာမရမှန်း ကလေးသိလာသောအခါ နောက်တွင် ပေါက်ကွဲတော့မည်မဟုတ်ပေ။ အကယ်၍ ကလေးငယ် ဒေါသပေါက်ကွဲမှုကို ထိုက်သင့်သလို မထိန်းသိမ်းဘဲ ဆူခြင်း၊ ရိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပါက အခြေအနေကို ပို၍ ဆိုးရွားလာစေနိုင်ပါတယ်။

 

Healthcare.com.mm

Ref:
ခင်သန်းမောင် (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွအြပြုအမူများ စာအုပ်မှာကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18