Print

ဘယ်အရွယ်မှာ မူကြိုစထားမှာလဲ

  24-Feb-2017
Preview Image

သုံးနှစ်အောက် အရွယ်များက မိဘများနှင့် ပူတူးတူးလေး လုပ်နေရတာ ပိုဝါသနာ ပါတတ်ပါတယ်။ သူ့တို့ ဖွံ့ဖြိုးရင့်ကျက်မှုအတွက် အများကြားတွင် ပေါင်းသင်း နေထိုင်သည့် အလေ့အကျင့်လည်း လုပ်ပေးရန် မလိုသေးပါ။သုံးနှစ်အောက် ကလေးတစ်ယောက်ကို မူူကြို ပို့ချင်သည်ဆို လျှင်တော့ ပို့ပါ။ ကြီးကြီးကျယ်ကျယ်တွေတော့ လျှောက်မျှော်လင့်ထားလို့မရပါ။ အိမ်မှာချည်း အောင်းနေရတာထက် စာလျှင် အပြင်မှာနေချိန်လေးတွေ ရှိလာဖို့၊ သူငယ်ချင်းတွေရပြီး အရုပ်အသစ်တွေ ကစားရတာ ပျော်ဖို့ဒီလောက်ပဲ ရပါမည်။ သုံးနှစ်အောက် ကလေးတွေက ကစားလျှင်တောင် အုပ်စုဖွဲ့ မကစားတတ်ပါ။

 

အပြိုင်သာ ကစားတတ်ကြသည်။ ညှိနှိုင်း၍ မကစားတတ်ပါ။ သုံးနှစ်ကျော်လာလျှင်တော့ လက်တွဲ ကစားတတ်ပြီ။ တစ်ယောက်၏ အခွင့်ကို တစ်ယောက်က နားလည် ပေးတတ်ပြီ။ သုံးနှစ်ကျော်သည့် ကလေးများကို ကျောင်းနေသည့်အခါ အရေးကြီးသည့် အမူအကျင့် အလေ့အထများလည်း သင်ပေး၍ ရပြီ၊ နားထောင်တတ်တာ၊ အာရုံစိုက်တတ်တာ၊ အသံထွက်မှန်ကန်တာ၊ ရေတွက်တာ စသဖြင့် ဟာမျိုးတွေပေါ့။

 

မူကြိုမထားသည့်ကလေး ကျောင်းကြီးတက်တော့ သူများနောက်ရောက်နေမှာလား?
ဘယ်လိုမှခန့်မှန်း၍မရပါ။ ကျွန်တော် ငယ်ငယ်က အဲဒီပြဿနာရှိခဲ့သော်လည်း တကယ်တမ်းကျတော့ မူကြို မနေခဲ့ရလို့ မဟုတ်ပါ။ လေးနှစ်နှင့် ကျောင်းအပ်ပြီး အပ်သည့်နှစ်မှာပင် သူငယ်တန်း စတက်ရတော့ တစ်တန်းတည်းသားတွေက ကိုယ့်ထက် တစ်နှစ်မှ သုံးနှစ်ခန့်အထိ ကြီးနေခဲ့လို့ပါ။ အဲဒါ မကောင်းကြောင်းလည်း ကျွန်တော် မကြာခဏ ရေးဖူးပါသည်။ မူကြိုမထားဖြစ်သည့် ကလေးကိုလည်း အိမ်မှာတင် မိဘကသင်ကြား လေ့ကျင့်ပေးနိုင်ပါသည်။ မိဘက သင်ကြားလေ့ကျင့်ပေးသည်ဆိုတာက မူကြို သင်ရိုးညွှန်းတမ်းကြီး တောင်း၍ သင်ကြားနေဖို့ မဟုတ်ပါ။ ကလေးကို အချိန်ပေးလိုက်လျှင် လုံလောက်ပါသည်။ ဥပမာ၊ ကလေးက ကြမ်းပြင်ပေါ်တွင် ထိုင်၍ အတုံးလေးများ ဆင့်နေပြီဆိုပါစို့။ မိဘပါ လိုက်ထိုက်ပါ။ တစ်တုံးဆင့်ပြီးတိုင်း တစ်၊ နှစ်၊ သုံး၊ လေး၊ စသဖြင့် လိုက်ရေးပေးပါ။ ကလေးကိုပါ ရေပါစေ။ ပြိုမကျခင်အထိ ဘယ်နှစ်ခုရသည်ကို ကလေးက စိတ်ဝင်စားလာလျှင် လိုက်ရေပါလိမ့်မည်။ အဲဒါမျိုးတွေကို ပြောတာပါ။

 

ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါးကို စောင့်ဖတ်လောက်အောင် ခေတ်မီသည့် မိဘတွေကတော့ ကိုယ့်ကလေးကို မူကြို ပို့ဖြစ်အောင် ပို့ကြတော့မှာပါ။ မူကြိုထားလျှင်လည်း ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲ။ ဟိုမှာရော ဘာတွေ အဆင်မပြေ ဖြစ်နိုင်မလဲ။မေးချင်သည့် မေးခွန်းလေးတွေ ပေါ်လာနိုင်ပြန်သည်။

 


Healthcare.com.mmm

Ref:
ပါမောက္ခ ရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကု ဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18