Print

ကလေးမျက်စိထဲ အမှိုက်ဝင်ခြင်း

  24-Feb-2017
Preview Image

မျက်စိထဲသို့ အမှုန်အမွှား အမှိုက်အစအနများ၊ ဖုန်သဲအမှုန်များ ဝင်ရောက်တဲ့အတွက်ကလေးဟာ မျက်ရည်များ ကျလာပြီး မျက်စိမဖွင့်ချင်တဲ့ ပြဿနာတွေ့ ကြုံရတတ်ပါတယ်။ အမှိုက်စဟာ မျက်လုံးရဲ့ အဖြူရောင် အပိုင်းအပေါ်ယံမှာရှိပြီး ရွေ့ပါနေတာဆ်ုရင် အလွယ်တကူ ထုတ်ပစ်နိုင်ပါတယ်။ ဒါပေမဲ့ မျက်စိအတွင်းပိုင်း ခပ်နက်နက်ထိ ဝင်နေရင်ဖြစ်စေ၊ မျက်စိရဲ့အနက်/ အပြာအစရှိတဲ့ အရောင်ရှိတဲ့ နေရာမှာ ဖြစ်နေတာဆိုရင်
အိမ်မှာတင် ဖယ်ထုတ်ဖို့ မကြိုးစားသင့်ပါဘူး။

 

သေးငယ်တဲ့ အစအနလေးများဝင်ရောက်ပါက မျက်ရည်ယိုကျလာတာနဲ့အတူ အပြင်ကိုရောက်သွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်ဖို့ မလိုပါဘူး။ ဒါပေမဲ့ ကလေးလက်နဲ့ ပွတ်မိတဲ့အတွက် မျက်စိအတွင်းပိုင်းအထိ နက်ဝင်သွားခြင်း (သို့) မျက်လုံး၊ မျက်ခွံ တစ်နေရာရာမှာ ရှပြီးဒဏ်ရာရသွားခြင်းတို့ဖြစ်ပေါ်ရင်တော့ နီးရာကျန်းမာရေးဌာနသို့ သွားရောက်ကာ ပြသဖို့လိုအပ်ပါတယ်။

 


ကလေးမျက်လုံးထဲဝင်နေတဲ့ အမှိုက်စငယ်လေး ရွေ့လျားနေလား၊ မျက်စိထဲစိုက်ဝင်နေလားကြည့်ပါ။ ကလေးကို မျက်တောင် အကြိမ်ကြိမ်ခပ်ခိုင်းပါ၊ အမှိုက်စအပြင်ကို ထွက်လာနိုင်ပါတယ်။ တစ်ခါတစ်ရံလည်း ကလေးဟာမျက်စိယားနေပြီး နာတဲ့အတွက် ငိုရာမှမျက်ရည်နှင့်အတူ အမှိုက်စငယ် အပြင်ကို ထွက်လာနိုင်ပါတယ်။ တကယ်လို့ အမှိုက်စဟာ မျက်လုံးထဲစိုက်ဝင်းနေခဲ့လျှင် 

 

• အိမ်မှာတင် အမှိုက်စဖယ်ထုတ်ဖို့ မကြိုးစားသင့်ပါ၊ မျက်စိကိုပိတ်ခိုင်းပြီး အပေါ်ကနေ ဂွမ်းပိတ်စငယ်နဲ့ ပိတ်ကာ ပလတ်စတာနဲ့ ထိန်းထားပေးပါ၊ ပြီးရင်နီးရာ ကျန်းမာရေးဌာနသို့ သွားရောက်ပြသပါ။အမှိုက် အမှုန်အမွှားဟာ မျက်လုံးထဲ ဝင်နေခြင်းမရှိလျှင် -


• ကလေးကို မျက်စိအပေါ်ဘက်သို့ ကြည့်ခိုင်းပါ။ မျက်ခွံကို မ ပြီး အမှိုက်စကပ်နေတဲ့နေရာကို ကြည့်ပါ။ သန့်ရှင်းတဲ့ လက်ကိုင်ပဝါ အစွန်းထိပ်ကလေးနဲ့ အသာအယာတို့ယူ ဖယ်ရှားပေးပါ။


• အပေါ်မျက်ခွံအောက်ထဲကို အမှိုက်စမဝင်ခဲ့လျှင် အပေါ်မျက်ခွံကို မျက်တောင်မွေးနေရာမှ မ ၍ အပေါ်ကိုလှန်ပါ။ သန့်ရှင်းတဲ့ လက်ကိုင်ပဝါအစွန်းထိပ်ကလေးနဲ့ အသာအယာတို့ယူ ဖယ်ရှားပေးပါ။


• အမှိုက်စကို ထုတ်လို့မရသေးဘူးဆိုရင် ဆားအနည်းငယ် ထည့်ထားတဲ့ ရေနဲ့မျက်စိအတွင်းကို ဆေးကြောခြင်းဖြင့် အမှိုက်စ အပြင်ကိုထွက်လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။


Healthcare.com.mm
Ref:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18