Print

ကလေးသူငယ်များ စကားမပီခြင်း

  24-Feb-2017
Preview Image

အသံထွက်ရာတွင် မည်သည့်အသံကိုမဆို တစ်ပြိုင်နက်တိုးတက်လာသည် မဟုတ်ဘဲ အသံအတို အရှည်ကိုလိုက်၍ မှန်မှန်ကန်ကန် အသံထွက်နိုင်သောကာလ အတိုင်းအတာသည် ကွဲပြားခြားနားလေသည်။ တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ စကားမပီသည့် အန္တရာယ်လျော့ပါးသွားသော်လည်း တစ်ခါတစ်ရံ အသက်ကြီးလာသည်အထိ မပီလျှင်ကား အသံထွက်နှင့် ပတ်သက်၍ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းသည်
လိုအပ်လာပေပြီ။ ထိုမျှသာမကဘဲ ကလေးဆရာဝန်များနှင့်လည်းကောင်း၊ တတ်ကျွမ်းနားလည်သူများနှင့် သော်လည်းကောင်း နှီးနှောတိုင်ပင်သင့်လှပေသည်။


တစ်ခါတစ်ရံတွင်မူ နေထိုင်မကောင်းခြင်းကြောင့် စကားလုံးအသံထွက်ပီသခြင်း တိုးတက်မှုနှေးကွေး သည်လည်းရှိတတ်၏။ ထူးခြားသော အကြောင်းရင်း တို့ကြောင့် ဖြစ်တတ်သောကလေးသူငယ်များ၏ စကားမပီခြင်းသည် သုံးမျိုးသုံးစားရှိ၏။

 

(၁) စကားပြုလုပ်သော အင်္ဂါသည် အသံတည်ဆောက်မှုဆိုင်ရာ Unusual အခြေအနေ ဖြစ်နေခြင်း၊ အထူးသဖြင့် အာခေါင်၊ နှုတ်ခမ်း၊ လျှာ၊ သွားစသည်တို့ Unusual ဖြစ်နေသော ကိစ္စရပ်ဖြစ်၏။ ဥပမာဆိုရသော် အာခေါင်ကွဲသော ရောဂါသည် လည်ချောင်းအတွင်းပိုင်းကို မပိတ်နိုင်သဖြင့် နှာခေါင်းသံပါနေရ၏။ ထိုအခါမျိုးတွင် ပါးစပ်တွင်း၌ လေကိုတစ်ကြိမ်ဖမ်းထား၍ အန်ထုတ်ရသောအသံထွက် စကားလုံးတို့ကို ပီသအောင် မပြောနိုင်ကြချေ။

 

(၂) စကားလုံးပြုလုပ်သောအင်္ဂါမှာ အလုပ်မလုပ်နိုင်တော့လောက်အောင် ဆွံ့ (လေဖြတ်) သွားကာ ဟန်ချက်ညီမှုကိုကောင်းစွာ မထိန်းနိုင်သော ကိစ္စရပ်ဖြစ်၏။ အတိအကျဆိုသော် ဦးနှောက်တွင် လေဖြတ်သည့် သဘောဖြစ်ခြင်း၊ ဥိးနှောက်ကျူမာ၊ ဦးနှောက်ဆဲလ်များ လုပ်ဆောင်မှု၌ ထိခိုက်ခြင်း၊ ကြွက်သားများ ရောဂါဖြစ်ခြင်း အစရှိသည်တို့ဖြစ်ကြ၏။ ဤရောဂါများကြောင့် စကားမပီသခြင်းအပြင် အခြားသော ဝေဒနာများလည်း
ဖြစ်တတ်ပေရာ ရောဂါကို လျစ်လျူထား၍တော့မရပါ။

 

(၃) သောတာရုံထိခိုက်မှုဝေဒနာဖြစ်၏။ ကြီးကျယ်သော နားလေးခြင်းသည် စကားပြောခြင်းကို နောက်ကျစေပါသော်လည်း နားလေးသော ဝေဒနာသည်များ စကားမပြောသည်က များလှသဖြင့် နားလေးခြင်းရောဂါကို လျစ်လျူမရှုထားသင့်ချေ။ နည်းနည်းပါးပါး နားလေးခြင်းအတွက်မှာမူ စကားပြောနောက်ကျမှု နည်းပါး၏။ သို့သော် စကားမပီခြင်းကို တွေ့ရတတ်သည်။ အထူးသဖြင့် တွေ့ပြင်နေရသည်မှာ အပူချိန်မြင့်သော ဒေသများတွင်တွေ့ရသော နားလေးမှုဖြစ်၏။ အပြန်အလှန် စကားပြောဆိုမှုများတွင် ကျယ်ပြန့်သော Frequency မှာ ၅၀၀ မှ ၂၀၀ ကြားဖြစ်၏။

 

ထို့ကြောင့် ၂၀၀၀ အထက်ဖြစ်သော Domain တွင် နားလေးသည်ရှိသော် နေ့စဉ် စကားပြောဆိုရာ၌ မည်သို့ပင်ပြောပြော High Fre-quency နယ်မြေကို မကြားနိုင်ပဲ စကားပြော အသံနှေးကွေးမှု ဖြစ်လာရသည်။ ဤသို့သော နားလေးမှု အမျိုးအစားသည် Hearing Aid ကို အသုံးပြုမှုလိုက်၍ တိုးတက်မှု ရရှိနိုင်သည်ဖြစ်သဖြင့် သူများပြောစကားကို အဖမ်းရခက်သည်ဆိုခြင်းမှာ အဆန်းမဟုတ်ဘဲ တစ်ချိန်ချိန်တွင် တိုးတက်
လာရပါ၏။ ရောဂါဝေဒနာကြောင့် ဖြစ်ရခြင်းသည်သာလျှင် စိုးရိမ်ဖွယ်ရာရှိပါသည်။

 

Healthcare.com.mm
Ref:
ရဲမြင့်နောင်
Health for all magazine, April 2015, Pg.99

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18