Print

အချင်းချင်းကိုက်တတ်တဲ့ကလေးတွေ

  24-Feb-2017
Preview Image

အချင်းချင်းကိုက်တတ်တဲ့ ပြဿနာဟာ ကလေးတွေကြားမှာ ခိုက်ရန်ဒေါသဖြစ်တဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာပါ။ အကိုက်ခံရတဲ့နေရာမှာ အနာဖြစ်တဲ့အခါ အကိုက်ခံရတဲ့နေရာမှာ ရောဂါပိုးဝင်လို့အနာဖြစ်တဲ့အခါ နာကျင်ကိုက်ခဲခြင်း၊ အနာတစ်ဝိုက် ပူနွေးနေခြင်း၊ အဖျားတက်ခြင်း၊ ပြည်ရည်၊ သားနံရည်တွေ ထွက်ပြီး အနံ့နံတာတို့ စတဲ့လက္ခဏာတွေ ပြတတ်ပါတယ်။

 

ဆရာဝန်နှင့် သွားပြတဲ့အခြေအနေ
ကလေးအချင်းချင်း ရန်ဖြစ်ပြီး အကိုက်ခံရလို့ တော်တန်ရုံပြဿနာဆိုပြီး မပေါ့ဆပါနဲ့။ တကယ်လို့ သင့်ကလေးမှာ အထက်ပါ ဖော်ပြခဲ့သလို ရောဂါပိုးကူးစက်ခံရတဲ့ လက္ခဏာတွေဖြစ်တဲ့ နာကျင်ကိုက်ခဲခြင်း၊ ရောင်ကိုင်းခြင်း၊ အနာတစ်ဝိုက်ပူနွေးနေခြင်း၊ အဖျားတက်ခြင်း၊ ပြည်ရည်၊ သားနံရည်တွေထွက်ပြီး အနံ့နံတာဖြစ်လာရင် ဒါမှမဟုတ် အကိုက်ခံရတဲ့နေရာက မျက်နှာအနီးတစ်ဝိုက်နှင့် ခြေလက်တွေမှာ အရမ်းနက်နဲ ပြင်းထန်ရင် ကလေးက ကိုယ်ခံအားစနစ် အားနည်းနေရင် နောက်ဆက်တွဲ ပြဿနာတွေ ဆိုးရွားလာနိုင်တာမို့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းဆီ သွားပြီး ဆရာဝန်နှင့် တိုင်ပင်ပြသ ကြိုတင်ကုသမှု ခံယူသင့်ပါသည်။

 

ခံယူနိုင်တဲ့ ရှေးဦးသူနာပြုစုနည်းနှင့် ကုသမှုများ
လူအချင်းချင်းအကိုက်ခံရတဲ့အခါ ရှေးဦးသူနာပြုစုနည်းအနေနဲ့ ပထမဆုံးအကိုက်ခံရတဲ့နေရာကို သန့်ရှင်းအောင် ရေများများသုံးပြီး ဆေးချပါ။ ပြီးလျှင် အဝတ်ခြောက် သန့်သန့်ဖြင့် ခြောက်အောင်သုတ်ပြီး အနာသန့်စင်ဆေးရည် (Btadine) နဲ့ သန့်စင်ပေးပြီး ပတ်တီးစနှင့် ဖွဖွလေး ဖုံးအုပ်ထားပေးပါ။ ပြီးလျှင် ရောဂါပိုး ကူးစက်မှု မခံရလေအောင် ပဋိဇီဝပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆရာဝန်နှင့် တိုင်ပင်ပြီး ကြိုတင်သောက်ပေးပါ။ မေးခိုင်ရောဂါ ကာကွယ်ဆေးကိုလည်း ကြိုတင်ထိုးနှံထားဖို့ လိုအပ်ပါတယ်။ နာကျင်ကိုက်ခဲမှုကို ခံစားရရင်တော့ အကိုက်အခဲပျောက်ဆေး၊ အနာရောင်ရမ်းလာရင်တော့ အရောင်ကျဆေးတို့ကိုပါ တွဲသောက်နိုင်ပါတယ်။ အကိုက်ခံရတဲ့နေရာက ကြီးမားနက်နဲရင်တော့ ပြန်ချုပ်ဖို့ လိုတတ်ပါတယ်။

 

ကလေးအချင်းချင်း အကိုက်မခံရလေအောင်

ကလေးတွေဟာ အချင်းချင်းကိုက်လေ့ရှိတာက ရန်ဖြစ်တဲ့အချိန်အပြင် သွားပေါက်စ ကလေးငယ်တွေမှာ မြင်မြင်ရာကိုက်တတ်တဲ့ အကျင့်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွားပေါက်စကလေးတွေကို ပျော့ပျောင်းနူးည့ံတဲ့ ရာဘာကိုက်ကွင်းလေးတွေ လက်ထဲထည့်ထားပေးတာမျိုး ဒါမှမဟုတ် သွားအစွပ်လေးတွေ စွပ်ထားပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ နောက်ပြီး အရွယ်နည်းနည်း ရောက်နေတဲ့ ကလေးတွေကိုတော့ အချင်းချင်းခိက်ရန် မဖြစ်ပွားရအောင် ရှင်းလင််းသင်ကြားပေးတာမျိုး၊ အချင်းချင်းကိုက်တဲ့အကျင့်ကို ရှောင်ကြဉ်စေတာမျိုး လေ့ကျင်ပေးသင့်ပါတယ်။

 

Healthcare.com.mm
Ref:
သွန်းသော်တာ (B.N.Sc)
Ziwaka magazine, February 2015, Pg. 48-50

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18