Print

ဘီလူးလေးမွေးသည်

  24-Feb-2017
Preview Image

ကျွန်တော်တို့ငယ်ငယ်က အမျိုးသမီးတစ်ယောက် ဘီလူးကလေးမွေးသည် ရပ်ကွက်ထဲတွင် သတင်းကြီးခဲ့သည်။ အမှန်မှာ ………။

 

လူတစ်ယောက်အဖို့ လူ့သက်တမ်းကာလတွင် သွားနှစ်ကြိမ်ပေါက်လေ့ရှိသည်။ ငယ်သွား (ကလေး၊ နို့သွား) ဟုခေါ်သော သွားများပင်ဖြစ်သည်။ ငယ်သွားများသည် ကလေး၏ အသက် ၅လ ၆လတွင် စတင်ပေါက်လေ့ရှိသည်။ ငယ်သွားပေါက်ချိန်မှာ ကလေးတစ်ယောက်နှင့်တစ်ယောက် မတူညီကြပါ။ တချို့စော၍ပေါက်သည်။ တချို့နောက်ကျပြီးမှ ပေါက်ကြသည်။

 

ထူးခြားစွာပင် တချို့ကလေးငယ်များတွင် သန္ဓေသားဘဝ၌ပင် သွားပေါက်ခဲ့ပြီး မွေးကတည်းက သွားပါလာတတ်သည်။ ထိုသို့ မွေးကတည်းက သွားပေါက်လာသော ကလေးငယ်မွေးဖွားလာခြင်းကို အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဘီလူးလေးမွေးသည်ဟု ရပ်ကွက်ထဲတွင် သတင်းပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ ဗဟုသုတနည်းသော မိဘ တချို့သည် သွားပါလာသော ကလေးမွေးဖွားမှုအတွက် စိုးရွံ့မှုများ ကြုံတွေ့ရကြသည်။ အမှန်စင်စစ် ဘီလူးလေးမွေးခြင်း မဟုတ်ပါ။ သွားပါလာသော သာမန်ကလေးငယ်တစ်ဦး မွေးဖွားခြင်းမျှသာ ဖြစ်သည်။ 

 

Healthcare.com.mm
Ref:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သောအယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18