Print

Down’s ရောဂါ

  24-Feb-2017
Preview Image

မျိုးရိုးဗီဇဆိုင်ရာ မူမမှန်မှု (Genetic mutation) ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ မူမမှန်မှုတွေဖြစ်လာတဲ့ ရောဂါစုတစ်မျိုးပေါ့။ ပုံမှန်နှစ်ခုပဲ ပါရမယ့် ၂၁ ခရိုမိုဆုန်းက သုံးခုပါနေတာကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။ (Trisomy 21 လို့ခေါ်ကြတယ်)။

 

တချို့ကတော့ Down’s ရောဂါသည် ကလေးတွေကို မွန်ဂိုလေးတွေလို့ ခေါ်တတ်တယ်။ သူတို့ရဲ့ မျက်နှာပြင်ဟာ မွန်ဂိုလူမျိုးတွေရဲ့ မျက်နှာသွင်ပြင်နှင့် ဆင်တူတဲ့အတွက်ပါ။ သူတို့မှာ ပုံမှန်မဟုတ်တဲ့ ခြေလက်အနေအထားတွေရှိတတ်ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားမှုလည်း နှောင့်နှေးတတ်ပါတယ်။

 

မွန်ဂိုကလေးတွေဟာ ဉာဏ်ရည်နိမ့်တတ်ပြီး သူတို့ရဲ့ IQ က ပျှမ်းမျှ ၅၀ လောက်ပဲ ရှိတတ်ပါတယ်။ (ပုံမှန်လူတွေရဲ့ IQ က ၁၀၀ ပတ်ဝန်းကျင်ရှိပါတယ်) Down’s ရောဂါသည်ကလေးတွေမှာ မွေးရာပါနှလုံးရောဂါ၊ မွေးရာပါအူလမ်းကြောင်းရောဂါတွေ ပါလာလေ့ရှိတတ်ပါတယ်။ အသက်အရွယ်ကြီးမှ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးရင် မွေးလာတဲ့ ကလေးတွေဟာ Down’s ရောဂါသည် ဖြစ်နိုင်ခြေ အတန်အသင့်ရှိပါတယ်။ 

 

Down’s ရောဂါစုက ကုသလို့ ပျောက်ကင်းနိုင်တဲ့ရောဂါတော့မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ နေ့စဉ်ဘဝကို အထောက်အပ့ံဖြစ်အောင် နည်းလမ်းများစွာနှင့် ကူညီထိန်းကျောင်းပေးလို့ရပါတယ်။ Down’s ရောဂါသည်တွေဟာ သာမန်လူတွေထက် ဉာဏ်ရည်နိမ့်တယ်ဆိုပေမယ့် အထက်တန်းကျောင်းပညာကို သင်ကြားနိုင်တဲ့ Down’s ရောဂါသည်တွေလည်း ရှိတဲ့အတွက် ရောဂါသည်ကလေးငယ်တွေကို ငယ်စဉ်ကတည်းက သေချာပြုစုပျိုးထောင်သင့်ပါတယ်။ ပတ်ဝန်းကျင်မှာ အသားတကျ အဆင်ပြေပြေနေနိုင်အောင် ကူညီပေးရပါမယ်။

 

ရောဂါသည် တစ်ဦးချင်းစီမှာ သီးခြားပြဿနာတစ်မျိုးစီ ရှိနိုင်တဲ့အတွက် စကားပြောဆို ဆက်ဆံရေး၊ ပညာသင်ကြားပေးရေး၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် လေ့ကျင့် ပေးရေးစတာတွေကို ရောဂါသည် တစ်ဦးချင်းစီကို အထူးလေ့ကျင့် သင်ကြားပေးရပါတယ်။ နောင်ဘဝခရီးရှည်ကို ရင်ဆိုင်ဖြတ်သန်းဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှု၊ အားပေးမှုတွေလည်း လိုအပ်လှပါတယ်။ အဲဒါတွေအပြင် Down’s ရောဂါနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်တတ်တဲ့ မွေးရာပါ နှလုံးရောဂါ၊ မွေးရာပါ အစာအိမ် အူလမ်းကြောင်း ပြဿနာ၊ Leukaemias၊ အသက်ရှူလမ်းကြောင်း ပိုးမကြာခဏဝင်တတ်တဲ့ ပြဿနာအစရှိတာတွေကို စောစောစီးစီး ရှာဖွေကုသသင့်ပါတယ်။

 

Healthcare.com.mm
Ref:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18