Print

မွေးရာပါအင်္ဂါချို့ယွင်းခြင်းနှင့် အလိုအလျောက်ပျက်ကျခြင်း

  24-Feb-2017
Preview Image

ဖိုမျိုးစေ့ဖြစ်တဲ့ သုက်ပိုးကောင်နဲ့ မမျိုးစေ့ဖြစ်တဲ့ မျိုးဥတို့ ပေါင်းစပ်မျိုးအောင်ပြီးသားလောင်း ဖြစ်လာပါတယ်။ ဖခင်နှင့် မိခင်ဘက်မှ မျိုးရိုးဆက်ခံလာတဲ့ ခရိုမိုဆုန်းပေါ်ရှိ မျိုးရိုးဗီဇက ဖြစ်ပေါ်လာမယ့် သားလောင်းသစ်ကို ပုံဖော်ပေးပါတယ်။ လူတို့ရဲ့ဆဲလ်ထဲမှာ ခရိုမိုဆုန်း ၄၆ ခုရှိပြီး Gene 35,000 ရှိပါတယ်။ ခရိုမိုဆုန်း ၄၆ ခု တစ်နည်း ၂၃ စုံကို ကိုယ်ခန္ဓာနှင့်ဆိုင်သော ဆဲလ်မှာတွေ့ရပါတယ်။

 

၂၃ စုံထဲမှ ၁ စုံဟာ လိင်ဆိုင်ရာ ခရိုမိုဆုန်း ဖြစ်ပါတယ်။ ၁ စုံ (သို့) ၂ခုမှာ (xx) ဖြစ်နေလျှင် မိန်းကလေး၊ (xy) ခရိုမိုဆုန်းဆိုလျှင် ယောကျ်ားလေးဖြစ်မယ်ဆိုတဲ့ သဘောပါ။ မမျိုးဥ (သို့) ဖိုမျိုးစေ့ ဆဲလ်မှာ ခရိုမိုဆုန်း၂၃ ခုသာရှိပါတယ်။ အဲဒီ ခရိုမိုဆုန်းတွေ ပွားများခွဲထွက်ကြပြီး ဆဲလ်တွေတဖြည်းဖြည်း များလာကြတာပါ။

 

ခရိုမိုဆုန်း အရေအတွက်နှင့် ပုံသဏ္ဍာန် မူမမှန်ဖြစ်တဲ့အခါ မွေးရာပါ အင်္ဂါချို့ယွင်းခြင်းနှင့်အလိုအလျောက် ကလေးပျက်ကျရပါသည်။ သူ့အလိုလို ပျက်ကျသူများရဲ့ ၅၀ ရာခိုင်နှုန်းကိုကြည့်လျှင် ခရိုမိုဆုန်းကြောင့် ဖြစ်ပါသည်။ သန္ဓေသားလောင်း၏ ၂၅ ရာခိုင်နှုန်းကို ကြည့်လျှင် ခရိုမိုဆုန်း ချို့ယွင်းမှုကို တွေ့နိုင်ပါတယ်။ 

 

ခရိုမိုဆုန်း အရေအတွက်မမှန်ခြင်း
ခန္ဓာကိုယ်၏ ဆဲလ်များတွင် ခရိုမိုဆုန်း ၄၆ ခုရှိသလို မမျိုးဥဆဲလ် ၂၃ ခုရှိကြရာ သတ်မှတ်ထားတဲ့ အရေအတွက်ထက် တစ်ခုများနေရင် Trisomy ဟုခေါ်ပြီး တစ်ခုလျော့နေလျှင် Monosomy ဟု ခေါ်ပါသည်။ ခရိုမိုဆုန်း အရေအတွက်များခြင်း၊ နည်းခြင်းအပြင် ၂ ခုဖြစ်ဖို့ရာ ခရိုမိုဆုန်း ၂ ပိုင်း ကွဲထွက်ရပါသည်။ အဲဒိလို မကွဲထွက်တာဖြစ်ဖြစ်၊ ကွဲထွက်တာ ညီညီမျှမျှမဖြစ်ဘဲ ဆဲလ်တစ်လုံးမှာ ခရိုမိုဆုန်း အရေအတွက်ပိုပါပြီး
နောက်ဆဲလ်တစ်ခုမှာကျတော့ ခရိုမိုဆုန်း လျော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။ Down ဒေါင်းရောဂါ၊ Klinefelter syndrome, Turner syndrome ။

 

ခရိုမိုဆုန်း တည်ဆောက်ပုံမမှန်ခြင်း
ခရိုမိုဆုန်းကွဲထွက်စဉ် ခရိုမိုဆုန်း တစ်ခု (သို့) တစ်ခုထက်ပို၍ တည်ဆောက်ပုံမမှန်ခြင်းဖြစ်သည်။ Virus ပိုးဝင်ခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်းနှင့် ဆေးဝါးများကြောင့်ဖြစ်ရပါသည်။ ခရိုမိုဆုန်းနံပါတ် ၅ တွင်ရှိ လက်တံကို တချို ့တစ်ဝက် ပျောက်ဆုံးသွားသည့် CRI-du=chat-syndrome ရောဂါဆိုလျှင် ကြောင်တစ်ကောင်ကဲ့သို့ ငိုခြင်း၊ခေါင်းခွံသေးခြင်း၊ ဉာဏ်ရည်မဖွံ့ဖြိုးခြင်း၊ မွေးရာပါနှလုံးရောဂါဖြစ်ခြင်း စသည်တို့့ ဖြစ်တတ်ပါသည်။ တခြား ရှားရှားပါးပါး မွေးရာပါရောဂါများလည်း ရှိပါသည်။

 

မျိုးရိုးဗီဇပြောင်းလဲခြင်း
တော်တော်များများသော မွေးရာပါအင်္ဂါ ချို့ယွင်းခြင်းသည် မျိုးရိုးလိုက်တတ်ပါသည်။မျိုးရိုးဗီဇရဲ့ တည်ဆောက်ပုံ (သို့) လုပ်ငန်းလုပ်ဆောင်ပုံ ပြောင်းလဲခြင်းနှင့် ဆက်စပ်ပါသည်။ မွေးရာအင်္ဂါ ချို့ယွင်းခြင်း၏ ၈ ရာခိုင်နှုန်းသည် မျိုးရိုးဗီဇ ပြောင်းလဲခြင်းကြောင့်ဖြစ်ရပါသည်။ မျိုးရိုးဗီဇပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်များမှာ မွေးရာပါအဖြစ် ချို့ယွင်းမှု ဖြစ်ရပါတယ်။ ဤအခြေအနေနှင့် တွဲပြီး အသိဉာဏ် ချွတ်ယွင်းခြင်းများလည်း ဖြစ်ရပါသည်။

 

Healthcare.com.mm
Ref:
အေးကမ္ဘာဒေါက်တာချစ်
ကျန်းမာရေးအတွက် လိုတိုရှင်း စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18