Print

ကလေးရုတ်တရက်သေဆုံးခြင်း

  24-Feb-2017
Preview Image

ကလေးကိုကြည့်ရတာ နေကောင်းကျန်းမာနေတယ်ထင်ရပြီး တစ်ခါတစ်ရံ ချက်ချင်းကောက်ကာငင်ကာ ဘာဖြစ်မှန်း မသိလိုက်ရပဲ သေဆုံးသွားခြင်းအဖြစ်မျိုးကို ဆိုလိုပါတယ်။ လေ့လာတွေ့ရှိချက်အရ သေဆုံးသူ တချို့ကလေးတွေမှာ အသက်ရှူအင်္ဂါများ၊ နှလုံးနဲ့သွေးလှည့်ပတ် အင်္ဂါတွေ မွေးရာပါ ချို့ယွင်းမှု ရှိနေကြပါတယ်။ လက်ရှိအခြေအနေမှာ ကလေးငယ်တွေ ရုတ်တရက်သေဆုံးရခြင်း အကြောင်းအရင်း များကို သုတေသနပြု လေ့လာမှုတွေ အများအပြား လုပ်ဆောင်နေပါတယ်။


တွေ့ရှိချက်တချို့ကတော့ ခန္ဓာကိုယ် အပူချိန် ထိန်းသိမ်းမှုနဲ့ အသက်ရှူအင်္ဂါရဲ့ လုပ်ဆောင်မှုတို့မှာ ကလေးအသက် ခြောက်လအတွင်း မွေးရာပါ အားနည်းချက်ရှိခြင်း၊ အင်ဇိုင်းဓာတ်ချို့တဲ့ခြင်း စသည်တို့ဖြစ်ပါသည်။ သင့်ရင်သွေးအတွက် အန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးသင့်တဲ့ အချက်အလက်များကိုတော့ ရှင်းပြနိုင်ပါတယ်။

 

• ကလေးကို သိပ်ရင် ပက်လက်သိပ်ပါ။ မှောက်ခုံမသိပ်နဲ့၊ ပက်လက်အနေအထားဟာ အိပ်ရာထဲမှာ သေဆုံးရခြင်း အဖြစ်မျိုးမဖြစ်ရအောင် ကာကွယ်ပေးရာ ရောက်တဲ့အပြင် ကလေးရဲ့ ခန္ဓာကိုယ် အပူချိန်ကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ 

• ကလေးကို ညဘက်သိပ်ရင် အဝတ်အထပ်ထပ်ဝတ်ပေးခြင်း၊ စောင်အထပ်ထပ် ခြုံပေးခြင်း စတာတွေ မလုပ်ဆောင်ပါနဲ့၊ အထူးသဖြင့် ဆောင်းကာလမှာ အေးလွန်းတယ်ဆိုပြီး ပူနွေးလုံခြုံနေတဲ့ အခန်းထဲမှာ အဝတ်အထူအထပ်ထပ် ဝတ်ထားပေးခြင်းကိုရှောင်ပါ။ အခန်းအပူချိန်ကို လိုက်ပြီး စောင်တစ်ထည်မှ သုံးထည်လောက်အထိသာ လိုအပ်တတ်ပါတယ်။ ကလေးကို အဝတ်တစ်ထပ်နဲ့သာ ပတ်ထားပေးရန် ဖြစ်ပါတယ်။ 

• ကိုယ်ဝန်ရှိစဉ်နဲ့ မွေးဖွားပြီးစတို့မှာ မိခင်တိုင်းဆေးလိပ် မသောက်သင့်ပါဘူး။

• ကလေးအိပ်ခန်းအတွင်း ဆေးလိပ်မသောက်ရပါ။ အိမ်အတွင်း ဆေးလိပ်မသောက်ကြဖို့ တားမြစ်ထားသင့်ပါတယ်။

• ကလေးအိပ်နေစဉ် သိုးမွေးအကျႌ၊ အမွေးပွအကျႌများ၊ ခြုံထည်များ စတဲ့ပူလောင်နေမယ့် အဝတ်စများနဲ့ မခြုံပေးသင့်ပါဘူး။

• ဖြစ်နိုင်ရင် ကလေးကို မိခင်နို့သာတိုက်ပါ။ နို့ဗူးမတိုက်ပါနဲ့။

• ကိုယ်ဝန်ဆောင်စဉ် မလိုအပ်ဘဲ ဆေးမသောက်ပါနဲ့။

• ကလေးနေမကောင်း မအီမသာဖြစ်ရင် ဆရာဝန်ထံပြသပါ။ ကလေးကိုယ်ပူနေစဉ် အဝတ်အထပ်ထပ် ဝတ်ပေးခြင်းကို ရှောင်ပါ။ ကလေးနေမကောင်း ဖြစ်နေစဉ်အတွင်း ကလေးရောဂါ သက်သာပျောက်ကင်းသည်အထိ စောင့်ကြည့်ပေးရပါမယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:
ဒေါက်တာမာမာအေး
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18