Print

အိပ်နေသော တလှုပ်လှုပ်ဖြစ်နေသောကလေးများ

  24-Feb-2017
Preview Image

အိပ်ပျော်နေသော မွေးကင်းစကလေး လက်လေးတွေ၊ ခြေလေးတွေ၊ မျက်နှာလေးတွေ ဆတ်ခနဲ ဆတ်ခနဲ ဆွဲတာ မြင်ဖူးပါလိမ့်မည်။ Benign neonatal sleep myoclonus ဟု ခေါ်ပါသည်။ တက်တာ၊ အကြောဆွဲတာ မဟုတ်ပါ။ ပုံမှန်ပင်ဖြစ်ပါသည်။ ဘာမှလုပ်စရာ မလိုပါ။တကယ်တော့ အနောက်တိုင်း ဆေးပညာ စာအုပ်များတွင် ဖော်ပြထားသော ကလေးအိပ်ပျော်နေစဉ် လှုပ်နိုင်သည့် အလှုပ်ပေါင်းက မြောက်များစွာရှိပါတယ်။ 

 

က။ Benign neonatal sleep myoclonus
ခ။ Periodic movements of sleep (ဟိုဘက် ဒီဘက် စောင်းတာ လှုပ်တာ)
ဂ။ Restless leg syndrome (ခြေထောက်လေးတွေ ဂနာမငြိမ်တာ)
ဃ။ Jactation capitis nocturna (ခေါင်းခါတာ)
င။ Hypnagogic jactitation (အိပ်စပျော်ခိုက်မှာ ဆတ်ခနဲ ဆတ်ခနဲ ကန်တတ်တာ)
စ။ Nocturnal myoclonus ဟူ၍ရှိသည်။ မွေးကင်းစသာမက အခြားအရွယ်များမှာပါ တွေ့ရတတ်ပါသည်။

ဒါတင်ပဲလားဆိုတော့ တကယ်တမ်းကျတော့ မကသေး။ ဒါတွေက မသိမသာလေးလှုပ်တာ။ စိုးရိမ်စရာလည်း ဘာမှမရှိ။ သာမန်ဖြစ်စဉ်တွေသာ။ လူတိုင်းဖြစ်တာမဟုတ် သည့် အလှုပ်တွေက ရှိသေးသည်။ တစ်ခုက အိပ်ပျော်နေရာမှ ယောင်ယမ်း ထထိုင်၊ ရုန်းကန်အော်ဟစ်တာ night terror ဖြစ်သည်။ အိပ်မက်ဆိုးမက်ပြီး ယောင်ခြင်း (night mare) နှင့် ဆင်တူသည်။ ချွတ်စွပ်တော့ မဟုတ်။ 

 

အိပ်မက်ဆိုးမက်တာက နှိုးလိုက်၍ရသည်။ နိုးလာလျှင်လည်း သူဘာဖြစ်သည်ကို ကလေးက ပြောပြနိုင်သည်။ Night Terror က မပြောပြနိုင်။ နှိုး၍လည်းမရ။ စိုးရိမ်စရာ မဟုတ်တာကတော့ အတူတူပင်။ တချို့ထလမ်းလျှောက်တတ်သည်။ ထစကားပြောတတ်သည်။ အန္တရာယ်တော့မရှိပါ။ ဒါပေမဲ့ လူကြီးတွေ မသိလိုက်ဘဲ ထပြီး အိမ်ပြင်အထိ ထွက် သွားတာမျိုး၊ အပေါ်လှေကားထိပ်က ပြုတ်ကျတာမျိုး မဖြစ်ရလေအောင် အရံအတားတော့လုပ်ရမည်။ အချိန်တန်လျှင်တော့ သူ့အလိုလို ပျောက်သွားမည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှ ကောက်နှုတ်ထားပါသည် ။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18