Print

ဗီဒီယိုဂိမ်းများနှင့် ကလေး

  24-Feb-2017
Preview Image

စိတ်အာရုံ စူးစိုက်တတ်ရန် ပိုမိုခက်ခဲသော ကလေးငယ်များ၏ ရေရှည် သတိထားမိစေနိုင်မည့် ဂိမ်းမျိုး များများစားစား မရှိပေ။ သို့ရာတွင် ဗီဒီယိုဂိမ်းများက ကလေးငယ်၏ အာရုံကို စူးစိုက်မိအောင် လုပ်နိုင်သည်။ ဗီဒီယိုဂိမ်းများသည်ပျော်ရွှင်စေတတ်သည်။ စိန်ခေါ်တတ်သည်။ ဗီဒီယိုဂိမ်း ပုံမှန်ကစားတတ်သူ ကလေးငယ်များတွင် လျင်မြန်စွာ တုံ့ပြန်တတ်မှုများ ပိုမိုဖွံ့ဖြိုးလာစေနိုင်သည်။ အနားစွန်းအမြင် (Peripheral vision) စွမ်းအား ကောင်းလာစေနိုင်သည်။ သတင်းအချက်အလက် ရရှိရေး လုပ်ငန်းအဆင့်ဆင့် ကျွမ်းကျင်လာလိမ့်မည်။ ယင်းသို့ ပြည့်စုံနေသော လေးနှစ်သားမျိုးသည် မည်သည့်ဆယ်ကျော်သက် အရွယ်ရောက်ပြီးသူ တစ်ဦးတစ်ယောက်မျှ သာလွန်နိုင်ဖွယ်မရှိပေ။

 

သတိပြုရန်
သို့ရာတွင် သတိပြုဖွယ်များရှိသည်။ ဂိမ်းများကို အချိန်ကြာမြင့်စွာ စွဲစွဲလမ်းလမ်း ကစားတတ်လျှင် အဆုံးမဲ့သော အဒရီနလင်း (နှလုံးခုန်နှုန်း၊ စွမ်းအင်နှင့် တုံ့ပြန်မှုကို ပိုမိုထက်မြက်စေသည့် အရည်ပစ္စည်း) တွန်းအားပေး စိတ်လှုပ်ရှားတက်ကြွမှု သံသရာထဲ တဝဲလည်လည် ဖြစ်သွားတတ်သည်။ ဗီဒီယိုဂိမ်းများကို ကစားချိန် ကြာမြင့်တတ်သူ ကလေးငယ်တစ်ဦးသည် စိတ်ကြည်လင်မှု မရှိတော့ဘဲ မည်သည့်ကြိုးစားပမ်းစား သင်ယူရရှိမှုမျိုးကိုမျှ စိတ်ပါဝင်စားမှု လျော့ကျသွားတတ်သည်။ ဗီဒီယိုဂိမ်းမျိုးစုံ အချိန်အကြာကြီး ကစားတတ်သော ကလေးငယ်များသည် ရံဖန်ရံခါ ကျောင်းစာ များအပေါ် အာရုံမစူးစိုက်နိုင်လောက်အောင် ဖြစ်သွားတတ်သည်။ ကျောင်းစာများသည် ဗီဒီယိုဂိမ်းကဲ့သို့ အနိုင်အရှုံးဆုလာဘ် ချက်ချင်းပေးစွမ်းနိုင်မှု မရှိသောကြောင့်ဖြစ်သည်။ကျောင်းစာများ လုပ်ရသည်မှာ ဗီဒီယိုဂိမ်းကစားရသလောက် စိတ်ဝင်စားစရာ မခံစားရသောကြောင့်လည်း ဖြစ်သည်။

 

အချက်နှစ်ချက်
ဤဆောင်းပါး၏ ဆိုလိုရင်းမှာ မိဘများကို အကြံပေးလိုခြင်းပင် ဖြစ်သည်။
(၁) မိမိရင်သွေးငယ်များ ဗီဒီယိုဂိမ်းကစားခြင်းကို “ကန့်သတ်ချက်” ထားပေးပါ။
(၂) မိမိတို့၏ ရင်သွေးငယ်များ ဖျတ်ဖျတ်လတ်လတ် စိတ်ဓာတ်ပျော်ရွှင်နေအောင် သင်ယူရေး အထောက်အကူပြု အစီအစဉ်ကလေးများကို အခါမပြတ် ဆောင်ရွက်ပေး ကြပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇော်ဟန်ဇော်
Health for All magazine, October 2014, Pg. 20



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18