Print

ကလေးကိုယ်ခန္ဓာ အချိုးအစားနဲ့ ညီမျှတဲ့ ကိုယ်အလေးချိန် ရရှိစေရန်

  24-Feb-2017
Preview Image

အဝလွန်ကလေးတွေမှာလည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုင်ရာပြဿနာတွေကို ခံနိုင်ရည် မရှိကြပါဘူး။ အဝလွန်လာရင် ဆီးချိုရောဂါ၊ သွေးတိုး၊နှလုံးရောဂါတွေအပြင် အခြားရောဂါတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီတော့ ကိုယ်ခန္ဓာ အလေးချိန်ကို ရှိသင့်တာထက် တိုးပွားမလာအောင် ကြိုတင်ဂရုတစိုက် စောင့်ရှောက်ပေး သင့်ပါတယ်။ ကလေးတွေကို ကိုယ်အလေးချိန် ရှိသင့်တာထက် တိုးပွားမလာအောင် ကြိုတင်ဂရုတစိုက် စောင့်ရှောက်ပေးသင့်ပါတယ်။

 

ကလေးတွေကို ကိုယ်အလေးချိန် တိုးလာတယ်ဆိုပြီး အစားအသောက်ကို အရမ်းချင့်ချိန်ကာ မစားရ မသောက်ရအောင် တင်းကျပ်ထားတာမျိုးလည်း လုပ်ဖို့မလိုပါ။ တဖြည်းဖြည်း သူ့အရွယ်နဲ့သူ ကြီးထွား တိုးတက်လာအောင် ကျန်းမာပြီး အာဟာရဖြစ်တဲ့ အစားအစာတွေ ကျွေးပေးပြီး တွဲဖက်လေ့ကျင့်ခန်းတွေ လုပ်ပေးသွားရမှာပါ။ ဒါမှသာ သူ့အသက်အရွယ်နှင့် ခန္ဓာကိုယ် အချိုးအစားနဲ့ ညီမျှတဲ့ ကိုယ်အလေးချိန်ကို ရရှိစေနိုင်ပါတယ်။ 

 

ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန် အချိုးအစားနှင့် အလေးချိန်တွေဆိုတာ မိဘတွေရဲ့ မျိုးရိုးဗီဇအတိုင်းပဲ ကလေးတွေအထိပါ ပါလာတာမျိုးပါ။ မိဘတွေ ပိန်သွယ်ရင် ကလေးတွေပါ ပိန်သွယ်သလို မိဘတွေ အဝလွန်ရင် ကလေးတွေပါ အဝလွန်ကြမှာ ၈၀ ရာခိုင်နှုန်းခန့် သေချာနေသလောက်ပါပဲ။ ဒါပေမယ့် မျိုးရိုးဗီဇရဲ့ အရေးပါမှုက ရာခိုင်နှုန်းများတယ် ဆိုပေမယ့် အဓိကက မိမိရဲ့ပြုမူလုပ်ဆောင်ချက်တွေ၊ နေထိုင်စားသောက်မှုကလည်း အရေးကြီးဆုံး အချက်တွေဖြစ်ကြောင်းကို မိမိရဲ့ ကလေးတွေသိအောင် နမူနာပြပေးဖို့ လိုအပ်ပါတယ်။

 

ကလေးတွေရဲ့ ကိုယ်ခန္ဓာအလေးချိန် အမြဲပုံမှန်ဖြစ်အောင် ထိန်းထားနိုင်တာ ကတော့ အားကစားလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ခြင်းပါပဲ။ ကလေးတွေ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်လိုပါက တစ်ကြိမ်ပြုလုပ်လျှင် မိနစ် ၆၀ ခန့် အနည်းဆုံးပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ အကယ်၍ ကြွက်သားဆိုင်ရာ လေ့ကျင့်ခန်း၊ အရိုးဆိုင်ရာ လေ့ကျင့်စဉ်မျိုး ကစားပေးလိုပါက တစ်ပတ်မှာ နှစ်ကြိမ် ပြုလုပ်ပေးနိုင် ပါတယ်။ လောလောဆယ် စပြီးပြုလုပ်သူတွေ အတွက်ဆိုရင် မိနစ် ၃၀ အတွင်းမှာ အကြိမ်ရေ နှစ်ကြိမ်ကနေ ၁၀ ကြိမ်အထိ နေ့စဉ် ကစားပေးနိုင်ပါတယ်။ ဒီနှုန်းအတိုင်းပဲ မှန်မှန် လေ့ကျင့်ပေးသွားရင် ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီး အလေးချိန်ကို ပုံမှန်ထိန်းပေးနိုင်မှာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နန်းအိအိဇာ
Wellness magazine, June 2015, Pg.45-46



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18