Print

ကလေးများတွင် အစားအသောက်ပျက်ခြင်း

  24-Feb-2017
Preview Image

ကလေးတွေ ကြီးထွားချိန်ရောက်ပြီဆိုရင် သူတို့ကောင်းမွန်စွာ ကြီးထွားခြင်းရှိမရှိ ဆုံးဖြတ်နိုင်တဲ့ အဓိကအချက်ကတော့ အစာစားချင်စိတ်လို့ခေါ်တဲ့ Appetite ကိုလေ့လာစောင့်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ရောက်ရှိနေတဲ့ အသက်အရွယ်အလိုက် ပုံမှန်ကြီးထွားခြင်းရှိမရှိ ၊ ဒါမှမဟုတ် အသက်အရွယ်နဲ့ ပုံမှန်ကြီး ထွားမှုမှာ တစ်ခုခု မှားယွင်းနေပြီဆိုရင်တော့ သူတို့ရဲ့ appetite ကို လေ့လာဆန်းစစ်ဖို့လိုနေပါပြီ။ ကလေးတွေဟာ လှုပ်လှုပ်ရှားရှားရှိနေတဲ့အချိန်မှာ သူတို့မှာ ပုံမှန်အစာစားချင်စိတ် good appetite ရှိနေပြီး အဲဒီ ချိန်မှာ သူတို့ဟာ ပိုမိုစားဝင်ပြီး လိုအပ်တဲ့ အာဟာရနဲ့ စွမ်းအင်တွေကို ရရှိပါတယ်။

 

ဒါဟာ ကလေးငယ်တွေကို ရုပ်ပိုင်းဆိုင်ရာအရ ကူညီပေးယုံသာမကပဲ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ( Psychological growth) ကိုပါ ကူညီထောက်ပံ့ပေးပါတယ်။ ကလေးငယ်တွေမှာ အစားအသောက်ပျက်ခြင်းဟာ စိုးရိမ်ပူပန်စရာကောင်းတဲ့ အချက် အဖြစ် ထည့်သွင်းစဉ်းစားရပါမယ်။ ဒါဟာ ကလေးရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက််ပြီး မူမမှန်ဘူးဆိုတာ အချက်ပေးနေတာဖြစ်ပြီး ဘာကြောင့်အစားအသောက် ပျက်ရသလဲဆိုတဲ့
အကြောင်းပြချက်ရှိပါတယ်။ ဒီအခြေအနေကို စောစောသိနိုင်ဖို့ လည်း လိုအပ်ပြီးအစားအသောက်ပျက်ခြင်းဟာ ဘယ်လို အခြေအနေမျိုးတွေကို ဦးတည်သလဲ ဆိုတာကိုလည်း နားလည်ဖို့လိုပါတယ်။

 

အစားအသောက် ပုံမှန်စားချင်စိတ်ရှိအောင် လုပ်ဆောင်ပေးတဲ့ စနစ်ဟာ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး အဲဒီမှာ အစာအိမ်နှင့်အူလမ်းကြောင်း ၊ adipose တစ်ရှူးများ ၊ ဦးနှောက် ၊ ဟော်မုန်းတွေနဲ့ အာရုံကြော စနစ်တွေ ပါဝင်ပတ်သတ်မှု ရှိပါတယ်။Appetite Control Systme ( ACS) ဟာ ဦးနှောက်ထဲမှာရှိပြီး အစာစားချင် စိတ် ၊ အစာစားတဲ့အလေ့အထနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးပါတယ် ။ ACS ဟာ ခန္ဓာကိုယ်အလေးချိန် ၊ အပူချိန် ၊ လှုပ်ရှားမှု ၊ ရာသီဥတု ၊ မိန်းမတွေမှာ မျိုးပွားစက်ဝန်း ၊ အစားအသောက်ရရှိနိုင်မှု ၊ သုံးစွဲမယ့် စွမ်းအင်ပမာဏနဲ့ အစာဘယ်လောက်စားရမယ်၊ ဘယ်အချိန်စားရမယ် စတဲ့ သတင်းအချက်အလက်တွေကို စုစည်း လုပ်ဆောင်ပါတယ်။

 

ကလေးငယ်တွေ ဘာကြောင့်အစားအသောက်ပျက်သလဲ
ကလေးငယ်တွေမှာ အစားအသောက်ပျက်ခြင်းကို ဂရုတစိုက် screen လုပ်ဖို့လိုအပ်ပြီး အကယ်၍ ကလေးငယ်တစ်ယောက်ဟာ အစားအသောက်ပျက်ပြီဆိုရင် မူမမှန်တဲ့ လက္ခဏာအဖြစ် ထည့်သွင်းစဉ်းစားရပါမယ် ။

 

၁ ။ Influenza ( တုပ်ကွေး )

အဖြစ်များတဲ့ တုပ်ကွေးဖျားနာခြင်းဟာ ကလေးငယ်တွေကို အစားအသောက်ပျက်စေတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ Flu လို့ခေါ်တဲ့ တုပ်ကွေးဗိုင်းရပ်စ် ဝင်ပြီဆိုရင်တော့ ကိုယ်ပူချိန်တက်ပြီး ဖျားနာခြင်း ၊ နှာရည်ယိုခြင်းခေါင်းမူးခြင်းနဲ့ပါးစပ်ထဲမှာ ခံတွင်းမတွေ့ခြင်းစတဲ့ လက္ခဏာတွေ ခံစားရပါမယ် ။ အဲဒီအချိန် အတောအတွင်းမှာ ခန္ဓာကိုယ်က ဘတ်တီးရီးယား ကြီးထွားမှုကို တန်ပြန်တိုက်ခိုက်ဖို့ ကြိုးစားနေ
ပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်ကို ပြန်ရဖို့ ကြိုးစားပါတယ်။ အဲဒီအချိန်မှာပဲ ခန္ဓာ ကိုယ်ရဲ့ energy level ဟာ နိမ့်ကျနေပြီး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ ဟာလည်းကောင်းမွန်စွာ ပုံမှန်မလုပ်ဆောင်နိုင် သေးပါဘူး။ အဲဒီအချိန်မှာပဲ အစာချေစနစ်ဟာပုံမှန်မဟုတ်တဲ့အတွက် အစားအသောက် ပျက်လာခြင်း ( Loss of appetite) ကို ခံစား ရပါတယ်။ ဒါကြောင့် ကလေးတစ်ယောက် ရုတ်တရက် အစားအသောက်
ပျက်ပြီဆိုရင် သူ့ရဲ့ကိုယ်အပူချိန်ကို စမ်းကြည့်ဖို့ မမေ့ပါနဲ့။

 

၂ ။ ဝမ်းချုပ်ခြင်း ( Constipation)

ကလေးငယ်တွေကို အစားအသောက်ပျက်စေတဲ့ နောက်အကြောင်းတစ်ခုကတော့ဝမ်းချုပ်ခြင်းပဲဖြစ်ပါတယ်။ ဝမ်းချုပ်တဲ့အခါ ပုံမှန် bowel movementတွေကို တားဆီးပေးထားပြီး ဗိုက်ထဲမှာ လေတွေနဲ့ ပြည့်နေသလို ခံစားနေရလေ့ရှိတယ်။ ဒီလို bowel movement တွေ မကောင်းတဲ့အခါ စနစ်တစ်ခုလုံးကို သက်ရောက်လေ့ရှိပြီး အစားအသောက်ကို ပျက်စေပါတယ် ။

 

၃ ။ အစာစားချိန်ကြားတွင် သရေစာများစားခြင်း

အထူးသဖြင့် ငယ်ရွယ်တဲ့ကလေးတွေဟာ သရေစာကို နှစ်ခြိုက်စွာ စားသုံးလေ့ ရှိကြပါတယ်။ ထမင်းစားပွဲပေါ်မှာ သူတို့ စိတ်ဝင်စားတဲ့အရာ ရှာမတွေ့ဘူးဆိုရင်တော့ ဒါဟာ အစားအသောက်ပျက်ခြင်းကို ဦးတည်နေပါပြီ ။ Junk Food လို့ခေါ်တဲ့ ဗိုက်ပြည့်စေတဲ့ သရေစာတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းအောင် ထုပ်ပိုးထားတဲ့ snack တွေဟာလည်း ထမင်းစားချိန်မတိုင်ခင် စားမိရင်လည်း ဗိုက်ပြည့်နေစေပြီး အကျိုးမရှိပါဘူး။ ဒီလိုစားထားမိရင် ထမင်းစားချိန်ရောက်တဲ့အခါ အစားအသောက်ပျက်ခြင်းကို ခံစားရလေ့ရှိပါတယ်။ စားချင်မယ့် အရာလေးတွေကို ပုံစံတစ်မျိုးနဲ့့ ကျွေးဖို့
လိုအပ်ပါသေးတယ်။

 

၄ ။ ဖိအားနှင့် စိတ်ဖိစီးမှု

အရေးကြီးတဲံ့ အစည်းအဝေးတစ်ခု အရေးကြီးတဲ့ meeting တစ်ခုရှိနေပြီဆိုရင် စိတ်တွေ တင်းကြပ်ပြီး သင်ရော အစားအသောက် ပျက်တယ်လို့ ခံစားမိပါသလား။ အတူတူပါပဲ။ ကလေးတွေမှာလည်း ဖိအားတွေ စိတ်ဖိစီးမှုတွေ ကြုံ လာရပြီဆိုရင် ခန္ဓာကိုယ်က အန္တရာယ်ရှိစေတဲ့ ဓါတုပစ္စည်းတွေကို ထုတ်လွှတ်ပေးပြီး အစာစားချင် စိတ်ကို ထိန်းချုပ်လိုက်ပါတယ်။ ကလေးတစ်ယောက်ဟာ ငြိမ်သက်နေပြီ ဒါမှမဟုတ် အထီးကျန်နေပြီဆိုရင်၊ ကျောင်းသွားဖို့ ငြင်းဆန်နေပြီဆိုရင်တော့ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ သူတို့ကို နွေးထွေးစွာဆက်ဆံဖို့ လိုအပ်ပြီးကျောင်းမှာ ဒါမှမဟုတ် အိမ်မှာ ဘာပြဿသနာတွေ ရှိလည်းဆိုတာကို ကူညီဖြေရှင်းပးရမှာဖြစ်ပါ တယ်။

 

၅ ။ အခြားအကြောင်းအရာများ

ငယ်ရွယ်တဲ့ ကလေးတွေသာမက အသက်အနည်းငယ်ကြီးတဲ့ လူငယ်တွေနဲ့ လူကြီးတွေမှာလည်း အစားအသောက် ပျက်ခြင်းတွေကိုဖြစ်စေတဲ့ အခြားအကြောင်းပြ ချက် များစွာရှိပါသေးတယ်။ အဲဒါတွေကတော့-

- အူထဲတွင် သံကောင်၊ တုပ်ကောင်များ ရှိခြင်း

- Bulemia ရောဂါ

-စိတ်ကျရောဂါ

-ဆေးဝါးများ ( ပိုးသတ်ဆေးများ ၊ အကိုက်အခဲပျောက်ဆေးများ ၊ ကင်ဆာဆေးများ ၊ ဗိုင်းရပ်ကုသဆေးများ ၊ နှလုံးဆေးများ ၊ ကိုဒင်း ၊ မော်ဖင်း စသည်)

-ထမင်းစားချိန် မမှန်ခြင်း

-အလွန်အမင်း ဂိမ်းဆော့ခြင်း

-အလွန်အမင်း တီဗီကြည့်ခြင်း စသည်တို့ဖြစ်ပါတယ် ။

ဘာကြောင့် ကလေးတွေ အစားအသောက်ပျက်ရသလဲဆိုတဲ့ အဓိက အကြောင်းပြချက်တွေ ရှိပါတယ်။ ဒါကြောင့် ကလေးတွေကို မိဘတွေအနေနဲ့ သေချာဂရုတစိုက်နဲ့ ရုပ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကို အလေးထားပြီး Care လုပ်ဖို ့လိုအပ်ပါတယ်။ အကယ်၍ လိုအပ်မယ်ဆိုရင်တော့ Appetite stimulant လို့ခေါ်တဲ့ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ ဆေးတွေ တိုက်ကျွေးနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
သက်တန့်ချို
Public health in Myanmar
Thursday, May 26, 2011
Source: Internet ( Loss of appetite in children)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18