Print

ကလေးဘဝတွင် ပန်းနာရင်ကျပ်ရောဂါ ကြာရှည်စွာခံစားရပါက အခြားအဆုတ်ရောဂါ ဖြစ်...

  24-Feb-2017
Preview Image

ချောင်းဆိုးခြင်း၊ အသက်ရှူချိန် ချွဲသံပါခြင်း၊ ရင်ဘတ်တင်းကျပ်နေ ခြင်း(သို့မဟုတ်) အသက်ရှူရခက်ခဲခြင်းတို့ကဲ့သို့ ပန်းနာရင်ကျပ်ရော ဂါလက္ခဏာများ ကြာရှည်စွာ ဖြစ်ပွား ခဲ့သည့် ကလေးများသည် ကြီး ကောင်ဝင်စအရွယ်တွင် အဆုတ်လမ်းကြောင်းပိတ်ဆို့မှု ဆိုင်ရာ ရောဂါ(COPD)ဖြစ်ပွားလာနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။COPD ရောဂါသည် လေအဝင်အထွက်ကို တားဆီးပြီး အသက်ရှူရခက်ခဲစေသည့် အဆုတ်ရောဂါများ၏ အုပ်စုတစ်စုဖြစ်သည်။ 

 

ကြီးကောင်ဝင်စအရွယ်တွင် COPD ရောဂါဖြစ်ပွားခြင်းမှာ ဆိုးရွားသောအခြေအနေဖြစ်ပြီး ယင်းရောဂါအဆင့်မြင့်လာပါက ကျန်းမာရေးပြဿနာများ ကြုံတွေ့ လာနိုင်ကာ နေ့စဉ် လုပ်ငန်းဆောင် တာများတွင် ပါဝင်နိုင်ရန် ခက်ခဲလာနို င်ကြောင်း အမေရိကန်နိုင်ငံရှိ အမျိုးသမီးဆေးရုံ (BWH)မှ သုတေသီစကော့တီဝိစ်က ပြောကြား သည်။

 

စောစောပိုင်း အဆုတ်လုပ်ဆောင်ချက်များက ဘဝနှောင်းပိုင်း တွင် အဆုတ်ဖွံ့ဖြိုး ကြီးထွားမှုကို ကြိုတင်ဟောကိန်းထုတ်နိုင်ပြီး ဆေးလိပ်ငွေ့နှင့်ထိတွေ့ခြင်း၊ ပန်းနာရင်ကျပ်ရောဂါကုသမှုခံယူ ခြင်းတို့နှင့်မသက်ဆိုင်ကြောင်း ယခုလေ့လာမှု က ဖော်ပြနေသည်။

 

ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားသော ကလေးအများစုသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း ပျောက်ကင်းလေ့ရှိသော်လည်း ပန်းနာရင်ကျပ်ရောဂါသည် ကလေးငယ် ၂၀ ရာခိုင်နှုန်းအထိသည် ကြီးကောင်ဝင်စအချိန်ထိ ပြင်းထန်သော ရောဂါလက္ခဏာများ ဆက်လက်ဖြစ်ပေါ်နေနိုင်သည်။

 

သို့သော် ပန်းနာရင်ကျပ်ရောဂါ ကြာရှည်စွာ ဖြစ်ပွားသော ယောကျ်ားလေးများသည် မိန်းကလေးများထက် COPD ရောဂါကို ပိုမိုကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။

 

ရှည်ကြာသော ပန်းနာရင်ကျပ်ရောဂါခံစားခဲ့ရသည့် ကလေး ငယ်များသည် ကြီးကောင်ဝင်စအရွယ်တွင် အဆုတ်လုပ်ဆောင်ချက် အားနည်းပြီး အဆုတ်ဖွံ့ဖြိုး ကြီးထွားမှု လျော့နည်းကြောင်းနှင့်ကုသမှုခံယူခြင်းဖြင့် ယင်းအခြေအနေ ပြောင်းလဲ မသွားကြောင်း သုတေသီ များက ပြောကြားသည်။

 

ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားပါက COPD ရောဂါဖြစ်ပွားလာ နိုင်သဖြင့် ယင်းရောဂါ သည်များကို ရောဂါလက္ခဏာပိုမိုဆိုးရွားလာနိုင်သည့်အန္တရာယ်များဖြစ်သော ဆေးလိပ်ငွေ့နှင့်ထိတွေ့ခြင်းတို့ကဲ့သို့ ပတ်ဝန်းကျင်အန္တရာယ်များနှင့်ပတ်သက်၍ အကြံပေးထားသင့် သည်ဟု သုတေသီများက ပြောသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : TOI



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18