Print

ကလေးအသက် ၁လ မှ ၆လ အတွင်းစွမ်းဆောင်နိုင်မှု

  24-Feb-2017
Preview Image

၁။ ကလေးအသက် ၁ လ

ကလေးအများစု၏ စွမ်းဆောင်နိုင်မှု
- ဦးခေါင်းမနိုင်ခြင်း
- အသံကို တုံ့ပြန်မှု ရှိခြင်း
- မျက်နှာကို ကြည့်တတ်ခြင်း
- အဖြူအမည်း ပုံစံများကို မြင်တတ်လာခြင်း

 

တချို့တဝက်သော ကလေးများ၏ စွမ်းဆောင်နိုင်မှု
- အရာဝတ္ထုများကို လိုက်ကြည့်တတ်ခြင်း
- အုအု အားအား စသဖြင့် အသံပြုခြင်း

 

အနည်းငယ်သော ကလေးများ၏ စွမ်းဆောင်နိုင်မှု
- ပြုံးပြခြင်း
- ရယ်ခြင်း
- ဦးခေါင်းကို ၄၅ ဒီဂရီခန့်ထိ ထိန်းလှည့်နိုင်ခြင်း

 

၂။ ကလေးအသက် ၂ လ

ကလေးအများစု၏ စွမ်းဆောင်နိုင်မှု
- ဂူးဂူး ဂါးဂါး အသံများ ပြုတတ်ခြင်း
- အရာဝတ္ထုများကို လိုက်ကြည့်တတ်ခြင်း
- ဦးခေါင်းကို စက္ကန့်အနည်းကြာ ထိန်းကြွနိုင်ခြင်း

 

တချို့တဝက်သော ကလေးများ၏ စွမ်းဆောင်နိုင်မှု
- ပြုံးပြခြင်း
- ရယ်ခြင်း
- ဦးခေါင်းကို ၄၅ ဒီဂရီခန့်ထိ ထိန်းလှည့်နိုင်ခြင်း
- လှုပ်ရှားမှုများ အဆင်ပြေချောမွေ့လာခြင်း

 

အနည်းငယ်သော ကလေးများ၏ စွမ်းဆောင်နိုင်မှု
- ဦးခေါင်းကို ငြိမ်အောင် ထိန်းနိုင်ခြင်း
- ကိုယ်ခန္ဓာ အလေးချိန်ကို ခြေထောက်ပေါ်သို့ စတင် အားပြုတတ်လာခြင်း
- ဦးခေါင်း၊ ပုခုံးများ ကြွနိုင်ခြင်း

 

၃။ ကလေးအသက် ၃ လ

ကလေးအများစု၏ စွမ်းဆောင်နိုင်မှု
- ပြုံးရယ်တတ်ခြင်း
- ဦးခေါင်းကို ငြိမ်အောင် ထိန်းနိုင်ခြင်း
- မျက်နှာ၊ အနံ့ စသည်တို့ကို မှတ်မိခြင်း

 

တချို့တဝက်သော ကလေးများ၏ စွမ်းဆောင်နိုင်မှု
- အသံစူးစူး အော်ငိုခြင်း
- အသံကို မှတ်မိခြင်း
- ဦးခေါင်း၊ ပုခုံးများ ကြွနိုင်ခြင်း

 

အနည်းငယ်သော ကလေးများ၏ စွမ်းဆောင်နိုင်မှု
- အသံကျယ်ကျယ် ကြားရာဖက်ကို လှည့်ကြည့်ခြင်း
- လက်နှစ်ဖက်ကို ပူးခြင်း၊ လက်လှမ်း တတ်ခြင်း
- မှောက်ခြင်း

 

၄။ ကလေးအသက် ၄ လ

ကလေးအများစု၏ စွမ်းဆောင်နိုင်မှု
- ဦးခေါင်းကို အနည်းငယ် ထိန်းမနိုင်ခြင်း
- ကိုယ်ခန္ဓာ အလေးချိန်ကို ခြေထောက်ပေါ်သို့ အားပြုနိုင်ခြင်း
- စကားပြောလျှင် ဂူးဂူးဂါးဂါး အသံဖြင့် တုံ့ပြန်နိုင်ခြင်း
- ဦးခေါင်း၊ ပုခုံးများ ကြွနိုင်ခြင်း (mini push-up)

 

တချို့တဝက်သော ကလေးများ၏ စွမ်းဆောင်နိုင်မှု
- အရာဝတ္ထု၊ အရုပ်များကို လက်ဖြင့် ဆုတ်ကိုင်နိုင်ခြင်း
- အရာဝတ္ထု များထံ လက်လှမ်းနိုင်ခြင်း
- မှောက်ခြင်း

 

အနည်းငယ်သော ကလေးများ၏ စွမ်းဆောင်နိုင်မှု
- မမ၊ ဘဘ အစရှိသော အသံများ ပြုနိုင်ခြင်း
- သွား စတင် ပေါက်ခြင်း

 

၅။ ကလေးအသက် ၅ လ

ကလေးအများစု၏ စွမ်းဆောင်နိုင်မှု
- အရောင်တောက်တောက်များကို ခွဲခြားသိမြင်ခြင်း
- မှောက်ခြင်း
- မိမိ၏ လက်တို့ခြေတို့ဖြင့် မိမိဘာသာ ဆော့ကစားခြင်း

 

တချို့တဝက်သော ကလေးများ၏ စွမ်းဆောင်နိုင်မှု
- ထူးခြားသော အသံကြားရာကို လှည့်ကြည့်တတ်ခြင်း
- မိမိ၏ အမည် (သို့) အခေါ်ခံရသော နာမည်ကို မှတ်မိခြင်း

 

အနည်းငယ်သော ကလေးများ၏ စွမ်းဆောင်နိုင်မှု
- အကူညီမပါဘဲ ခေတ္တမျှ ထိုင်နိုင်ခြင်း 
- အရာဝတ္ထုများကို ပါးစပ်ထဲသို့ ထည့်တတ်ခြင်း 
- သူစိမ်းများကို ကြောက်လန့်ခြင်း 
- ကလေးအသက် ၆ လ

 

ကလေးအများစု၏ စွမ်းဆောင်နိုင်မှု
- ခေါ်သံ၊ အသံကြားရာကို လှည့်ကြည့်ခြင်း
- ဘူးမှုတ်တတ်ခြင်း၊ အသံပြုတတ်ခြင်း
- ဘယ်ညာမရွေး လှည့်ကာ မှောက်နိုင်ခြင်း

 

တချို့တဝက်သော ကလေးများ၏ စွမ်းဆောင်နိုင်မှု
- ပစ္စည်းများကို လှမ်းယူကာ ပါးစပ်အတွင်းထည့်တတ်ခြင်း
- အကူအညီမပါဘဲ ထိုင်နိုင်ခြင်း

 

အနည်းငယ်သော ကလေးများ၏ စွမ်းဆောင်နိုင်မှု
- တွားသွားရန် အစပြုခြင်း
- တူညီသော (သို့) မတူညီသော အသံ၂ မျိုးကို အသံပြုနိုင်ခြင်း (ဥပမာ- မေမေ၊ မန်မန်၊ အမ၊ အဘ )
- ပစ္စည်းများကို မိမိရှိရာ ဆွဲယူတတ်ခြင်း

 

Credit :ကြယ်မင်းတာယာ
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18