Print

ကလေးပြုစုရာတွင် လိုက်နာရန်အချက်များ

  24-Feb-2017
Preview Image

• ချည်သားနှင့်ပြုလုပ်ထားသော အဝတ်အစား၊ စောင်၊ အိပ်ရာခင်းများသာ သုံးစွဲခြင်းဖြင့် ကိုယ်ပူ/ ဖျားနေသော ကလေးကို သက်သောင့်သက်သာ ရှိစေပါတယ်။ 

 

• အိပ်ရာခင်းအဝတ်များ နေ့စဉ်လဲပေးပါ။ စိတ်ချမ်းသာစေပါတယ်။ 

 

• ကလေးဟာ အိပ်ရာထဲမှာတစ်ချိန်လုံး မနေချင်ပါဘူး၊ အပြင်ခန်းကိုပေးထွက်နိုင်ပါ တယ်။ သူ့ရဲ့အိပ်ရာထဲမှာ နေ့စဉ်ဝတ်ထားတဲ့ အဝတ်အပေါ်က အနွေးထည် တစ်ထပ်၊ ခြေစွပ်တို့ ထပ်ဝတ်ပေးပြီး လိုအပ်ရင် ဖိနပ်စီးထားပေးသင့်ပါတယ်။ 

 

• တစ်ရှူးစက္ကူလေးများလိုရင် သုံးနိုင်ဖို့အနီးအနားမှာ အဆင်သင့်ထားရှိပေးရပါမယ်။ 

 

• ကလေးဆီးသွားချင်ရင် အဆင်သင့်သွားနိုင်ဖို့ ဆီးအိုး၊ အန်ချင်ရင်သုံးဖို့ ထွေးခံခွက် တို့ကို အခန်းထဲမှာ အဆင်သင့် ထားပေးပါ။ အန်ပြီးရင် ကလေးကြီးဆိုရင် ပလုပ်ကျင်း ခိုင်းခြင်း၊ ကလေးငယ်လွန်းရင်လည်း ရေနဲ့သန့်စင်ပေးခြင်းတို့ လုပ်ဆောင်ပေးခြင်း၊ အနံ့ပြင်းသကြားလုံး တစ်မျိုးမျိုးငုံခြင်းတို့ဖြင့် အချဉ်နံ့ပျောက်ကင်းစေအောင် စီစဉ်ပေး သင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နှုတ််ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18