Print

ကလေးငယ်သန်းမတွယ်စေရန် သတိထားရမည့် အချက်များ

  24-Feb-2017
Preview Image

ကလေးငယ် ဦးခေါင်းမှာ သန်းတွယ်လာတာမျိုး မဖြစ်စေဖို့ တွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာဖို့လိုပါတယ်။

 

သန်းရှိသောအခြားကလေးများနှင့် ကင်းပါစေ
သင့်ကလေးငယ်နဲ့ လက်ပွန်းတတီး ဆော့ကစားနေတဲ့ တခြားကလေးတွေမှာ သန်းရှိတယ်ဆိုရင် သင့်ကလေးကိုလည်း တခြားကလေးတွေကတစ်ဆင့် သန်းကူး စက်နိုင်ပါတယ်။ သန်းရှိတဲ့ကလေးနဲ့ အတူကစားချိန်မှာ လှဲအိပ်တာ၊ ခေါင်းချင်းဆိုင်ပြီး ကစားတာနဲ့ အနေနီးစပ်မှုတွေက ကလေးငယ်အချင်းချင်း သန်းတွေကို ကူးစက်စေနိုင် ပါတယ်။ သန်းရှိတဲ့ ကလေးငယ်ရဲ့ မိဘတွေကို အသိပေးပြီး သင့်ကလေးကိုလည်း တခြားကလေးသန်းတွေကို သုတ်သင်နေစဉ်အချိန်မှာ ခပ်ဝေးဝေးနေဖို့ မှာထားပါ။ 

 

ခေါင်းစည်းကြိုးများကို ဝေမျှမသုံးပါနှင့်
ကလေးငယ်အတွက် အသုံးပြုထားတဲ့ ခေါင်းစည်းကြိုး၊ ကလစ်၊ ဘီးနဲ့ တခြားဆံပင် သုံး အလှဆင်ပစ္စည်းတွေကို တခြားသုံးတွေနဲ့ ဝေမျှပြီး သုံးစွဲတာမျိုး မလုပ်စေဖို့ ကလေးငယ်ကို မှာကြားထားပါ။ သီးသန့်ထားပေးပြီး ပုံမှန်ဆေးကြောသန့်စင်ပေးတာက ကလေးငယ် သန်းမတွယ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

 

ဦးထုပ်များကို သတိထားပါ
ကလေးငယ်ဆောင်းတဲ့ ဦးထုပ်တွေ၊ စက်ဘီးဦးထုပ်တွေနဲ့ အေးတဲ့အချိန် မှာ ဆောင်းတဲ့ ခေါင်းစွပ်ဦးထုပ်တွေကို တခြားကလေးတွေနှင့် ဝေမျှသုံးတာမျိုးကြောင့် လည်း သန်းတွေကူးစက်နိုင်တာကြောင့် သတိပေးမှာကြားထားဖို့ လိုပါတယ်။

 

သီးသန့်ထားပေးပါ
ကလေးငယ်ရဲ့ အဝတ်အစား၊ တဘက်နဲ့ ကလေးသုံးပစ္စည်းတွေကို သီးသန် ့ထားပေးပြီး လူကြီးသုံးအဆောင်တွေနဲ့ ရောနှောမနေပါစေနှင့်။ ကလေးငယ်အတွက် သီးသန့်အဝတ်ဗီရိုထားရှိပြီး သေချာသပ်ရပ်မှုရှိအောင် သိမ်းဆည်းပေးထားပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို နားလည်အောင် သင်ကြားပေးထားပြီး ကိုယ်ပိုင်ပစ္စည်း ကို သေချာသုံးတတ်တဲ့ အကျင့်ရှိအောင် လေ့ကျင့်ပေးထားပါ။

 

ချက်ချင်းကုသပါ
ကလေးခေါင်းမှာ သန်းတစ်ကောင်ဖြစ်စေ တွေ့ပြီဆိုတာနဲ့ ကလေးခေါင်း ကို သေချာသန့်ရှင်းနေစေပြီး လိုအပ်တဲ့ သုတ်သင်မှုတွေ ပြုလုပ်ပါ။ ပစ်ထားလိုက် တာကြောင့် သန်းတွေ ပိုပွားလာနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
TTO
Arogyam magazine, No.284, March 2016, Pg.48



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18