Print

စကား စပြောသော ကလေး

  24-Feb-2017
Preview Image

များသောအားဖြင့်တော့ ကလေးတွေ စတင် စကားပြောခါစတွင် ကလေးပြောသော စကားကို မိဘက နားလည်သော်လည်း လူစိမ်းများ နားမလည်တတ်။ ကလေးက သူပြောသော စကားကို လူတိုင်း နားလည်အောင် ပြောတတ်သည်မှာ များသောအားဖြင့် အသက် ငါးနှစ် ဝန်းကျင်မှ ဖြစ်သည်။

 

ပုံမှန် နောက်ကျသူ တွေလည်း ရှိသည်။ စကားပြော နောက်ကျသည့် ပြဿနာရှိသော ကလေးတွေလည်း ရှိသည်။ ပုံမှန် နောက်ကျသည့် ကလေးတွေ ကတော့ တဖြည်းဖြည်း ပြောလာတတ်သည်။ ပြဿနာ ရှိသည့် ကလေးတွေကတော့ ကုသမှု လိုတတ်သည်။ ကုသမှု ခံယူ ရ၍ ပြောလာလျှင်တောင်မှ သက်တူရွယ်တူ ကလေးတွေ ၏ နောက်မှာတော့ ကျန်နေခဲ့ဦးမည် ဖြစ်သည်။

 

ကိုယ့် ကလေးမှာ ပြဿနာ ရှိသည်ဟု မသင်္ကာလျှင်တော့ ကလေးကို အချိန်ပေး၍ စကားများများ ပြောအောင် လှုံ့ဆော်ကြည့်ပါ။ တိုးတက်မှု မတွေ့လျှင် (သို့) ပုံမမှန်သော လက္ခဏာများ တွေ့လျှင် ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေး ကြည့်တာ အကောင်းဆုံးပါ။

 

ယောကျ်ားလေးနှင့် မိန်းကလေးလည်း ယှဉ် စဉ်းစား၍ မရပါ။ ပုံမှန် အားဖြင့် မိန်းကလေးတွေက ပို၍ စောစော ပြောတတ်သည်။ (ပြောပြီးလျှင်လည်း မရပ်တော့ ဟု ဆိုသည်)

 

အောက် ဖော်ပြပါ လက္ခဏာများ ပါရှိနေလျှင်တော့ မိန်းကလေးပဲ ဖြစ်ဖြစ်၊ယောကျ်ားလေးပဲ ဖြစ်ဖြစ် ကျွမ်းကျင်သူတွေနှင့် တိုင်ပင်သင့်ပါသည်။

 

၁။ အသက် တစ်နှစ်အရွယ်တွင် ဝူးဝူး ဝါးဝါး မပြောခြင်း၊ လက်ညိုးထိုး မပြတတ်ခြင်း၊ လက်ဟန် ခြေဟန်နှင့် လုံးဝ လုပ်မပြခြင်း။


၂။ အသက် တစ်နှစ်နှင့် လေးလ အထိ စကားတစ်လုံးမှ မပြောသေးခြင်း။


၃။ အသက် နှစ်နှစ်ထိ နှစ်လုံးတွဲ စကား (ဥပမာ - ပေးပါ) မပြောတတ်ခြင်း။


၄။ မည်သည့် အသက်အရွယ်တွင် မဆို စကား ပြောတတ်ပြီးမှ ပြန်၍ မပြောတော့ခြင်း။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခရဲမြင့်ကျောင် (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18