Print

အလေးထားသင့်သည့် ကလေးသွား

  24-Feb-2017
Preview Image

ကလေး သွားများသည် ခြောက်လမှ စတင်ပေါက်ကာ အသက်နှစ်နှစ် အရွယ်တွင် အားလုံးစုံ၍ အချောင်း နှစ်ဆယ် ရှိပါသည်။ အသက် ခြောက်နှစ်ခွဲတွင် ကလေးသွားများ စတင်ကျိုးပြီး လူကြီးသွားများနှင့် စတင် လဲပါသည်။ အသက် ၁၀ နှစ်မှ ၁၃ နှစ်အတွင်း ကလေးသွားများ အကုန်ကျိုး၍ လူကြီးသွားများနှင့် အစားထိုးပါသည်။

 

ကလေးသွားများကို ဂရုမစိုက်ဘဲ ထားထားပါက -

 

၁။ ကလေးများ သွားတိုက်သည့် ဝေဒနာကို ခံစားရခြင်း။


၂။ သွားကိုက်ခြင်း ဝေဒနာကြောင့် မစားနိုင်သည့် အတွက် အာဟာရ ချို့တဲ့ခြင်း။


၃။ သွားကိုက်ခြင်း ဝေဒနာကြောင့် ကျောင်းမတက်နိုင်သည့်အတွက် ပညာရေးကို ထိခိုက်ခြင်း။


၄။ သွား မကောင်းသည့်အတွက် အခြားပိုးများ ပါးစပ်အတွင်း၌ ပိုမို များပြားလာပြီး အခြားရောဂါများ ဖြစ်နိုင်ခြင်း။ ဥပမာ - လေးဖက်နာ (Rheumatic Fever) ရောဂါ။


၅။ သွားများ စောစီးစွာ နုတ်လိုက်သည့်အတွက် မျက်နှာ အလှပျက်ခြင်း။


၆။ ငယ်သွားများ အချိန်မတိုင်မီ နုတ်လိုက်ရသည့် အတွက် ကြီးသွားများ ပေါက်သည့်အခါ သွားမညီညာမှုများ ဖြစ်ခြင်း။


၇။ သွားမလှသည့်အတွက် စိတ်ဓာတ် သိမ်ငယ်ခြင်း (ဥပမာ- မိန်းကလေးများ) ခံစားရနိုင်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာတင်လတ်
Health for all magazine, February 2016, No.109, Pg.57

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18