Print

ကလေးများ လမ်းပုံမှန် မလျှောက်နိုင်ခြင်းပြဿနာ

  24-Feb-2017
Preview Image

ကလေးဟာ လမ်းလျှောက်နေစဉ် ခန္ဓာကိုယ် တစ်ခုလုံးကို ခြေတစ်ဖက်တည်းနဲ့ ထိန်းပြီး လျှောက်နိုင်စွမ်း မရှိတဲ့အတွက် ခြေလှမ်း မညီမညာ လှမ်းနေရတဲ့ ပြဿနာများကို ဆိုလိုပါတယ်။

 

ဒီပြဿနာရဲ့ အရင်းခံအကြောင်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ခြေထောက် ခြေဖဝါးမှာ ထိခိုက်ပြတ်ရှဒဏ်ရာ ရှိခြင်း၊ အနာပေါက်ခြင်း၊ ကျည်ဆံ သို့မဟုတ် အတွင်းသို့ ဆူးငြောင့် တစ်ခုခု ဝင်နေခြင်းများတွင် လည်းကောင်း၊ ခြေစွပ်ဖိနပ် ကျပ်တည်းစွာ ဝတ်ဆင်ထားပေး မိလို့ ခြေသည်းမာမာက ခြေချောင်းထိပ် အသားနုကို ထိုးပြီးနာနေလျှင်သော်လည်းကောင်း ကျန်ခြေထောက်တစ်ဖက်နဲ့အညီ မလှမ်းနိုင်ဘဲ မညီမညာ ပုံစံမကျ လမ်းလျှောက်တာ တွေ့ရတတ်ပါတယ်။

 

စိုးရိမ်ရပါသလား
အကြောင်းရင်း ရှာမရဘဲ ကြာရှည်စွာ ခံစားနေရတာ ဖြစ်ရင် စိုးရိမ်ရတဲ့ ရောဂါဖြစ် နိုင်တာမို့ ဆရာဝန်ထံ ချက်ချင်း ပြသဖို့ လိုပါတယ်။

 

သင် ပထမဆုံး ဘာလုပ်ဆောင်သင့်သလဲ
၁။ သင့်ကလေး ထိခိုက် ဒဏ်ရာရခြင်း ရှိ၊မရှိနဲ့ နာနေတယ်ဆိုတဲ့ နေရာကို သင်စမ်းသပ် ကြည့်ပါ။
၂။ အဆစ်နေရာ ရောင်ရမ်းနေမှုရှိ၊ မရှိ စစ်ဆေးပါ၊
၃။ သင့်စိတ်ထဲမှာ ကလေးရဲ့ ခြေထောက်သို့မဟုတ် ခြေချောင်းရိုးလေးတွေ ကျိုးတယ်လို့ သံသယဖြစ်ခဲ့ရင် အမြန်ဆုံး ဆေးကုသဖို့ လိုပါတယ်။ ပေါင်ရိုးကျိုးတာလို့ ထင်ရင်တော့၊ အရေးပေါ်လူနာတင်ယာဉ် ခေါ်ဖို့ အရင်ဆုံး ဆောင်ရွက်ပါ။

 

ဆရာဝန်က ဘာလုပ်ဆောင်ပေးလိမ့်မလဲ။
သင့်ကလေးကို သေသေချာချာ စမ်းကြည့်ပါလိမ့်မယ်။ လိုအပ်ရင် အရိုးအထူးကု ကလေး ဆရာဝန်ကြီးရှိရာကို ရောဂါရှာဖွေဖို့ စေလွှတ်ပါလိမ့်မယ်။အရိုးကျိုးနေကြောင်း စမ်းသပ်တွေ့ရှိရင် ဓာတ်မှန်ရိုက်ပြီး ကျောက်ပတ်တီး စည်းနိုင်ဖို့ နီးရာဆေးရုံသို့ ညွှန်းပို့ပါလိမ့်မယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာမာမာဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18