ကလေးငယ်များ အပင်များကြောင့် ယားယံခြင်း
24-Feb-2017
တကယ်လို့ ကလေးတွေဟာ ပန်းဥယျာဉ်တွေထဲမှာ ကစားတယ်ဆိုရင်တော့ တချို့အပင်တွေကို သတိထားဖို့လိုအပ်ပါတယ်။ တချို့အပင်တွေကထွက်တဲ့ အစေး၊ အမွေးတွေဟာ ကလေးတွေကို ဓာတ်မတည့်မှုဖြစ်စေပါတယ်။ အဲဒီလိုမျိုး ထိမိတဲ့နေရာကနေ တခြားနေရာတွေကို ပျံ့နှံ့လာပြီး ယားယံတာ၊ အနီစက်ထွက်တာတွေဖြစ်တတ်ပါတယ်။
တစ်ခါတလေကျတော့လည်း အပင်တွေနဲ့တိုက်ရိုက်ထိတွေ့မိတာမျိုး မဟုတ်ဘဲနဲ့ အဲဒီအပင်နားက ဖြတ်လာတဲ့ ခွေး၊ ကြောင်လိုမျိုး အိမ်မွေးတရိစ္ဆာန်တွေကို ပွေ့ပိုက်မိ တာကနေ ကလေးတွေနဲ့ ထိတွေ့မှုဖြစ်စေတတ်ပါတယ်။
ဒီအတွက် အကောင်းဆုံးကတော့ ကလေးတွေကို အဲဒီလို အပင်မျိုးနဲ့ ဝေးဝေးနေ ခိုင်းဖို့ပါ။ တကယ်လို့အပင်တွေနှင့် အနီးတစ်ဝိုက်မှာ သူတို့လေးတွေနေတတ်တယ် ဆိုရင်တော့ အဝတ်အစား အရှည်ဝတ်တာကတော့ ရာနှုန်းပြည့်နှီးပါး ကာကွယ်ပေးနိုင် ပါတယ်။ ကလေးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေပြားပိုးသတ်ဆေးပါတဲ့ ဆပ်ပြာတွေသုံးတာကလည်း ယားယံမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ယားယံမှုတွေက ပိုဆိုးလာမယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့သူနှင့် တိုင်ပင်ပြီးတော့ ဆေးဝါး ဒါနအကူအညီကို ရယူပြီးတော့ ရောဂါလက္ခဏာတွေ သက်သာသွားအောင် လုပ်သင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နှင်းနုလွင် (ဆေးဝါး)
Arogyam magazine, No.262, May 2014, Pg. 148
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
