Print

မကြာခဏ နို့တိုက်ပေးပါ

  24-Feb-2017
Preview Image

မိခင်ရဲ့နို့ထွက်တဲ့ အနေအထားက ဟော်မုန်းအဆင့်နှင့် တိုက်ရိုက်သက်ဆိုင် တာကြောင့် ကလေးကို နို့တိုက်ဖို့ မလိုတဲ့အချိန်၊ ကလေးနို့မဆာတဲ့အချိန်မျိုးမှာတောင် မိခင်နို့က အဆက်မပြတ်ထွက်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကလေးကိုနို့မတိုက်တာ ဒါမှမဟုတ် ကလေးက နို့မစို့တော့တဲ့အခါမျိုးဆိုရင် နို့ကအများကြီးမထွက်တော့ ဘဲ နောက်ဆုံးလုံးဝထွက်မလာတော့တဲ့ အခြေအနေမျိုးဖြစ်တတ်တာကြောင့် နို့တိုက်သင့်တဲ့ အချိန်တိုက်ပေးတာက အကောင်းဆုံးပါပဲ။

 

၁။ နို့တိုက်သည့်အချိန်ကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားခြင်း

နို့တိုက်တဲ့အခါ အခြေအနေ၊ အချိန်အခါကို လိုအပ်သလို ညှိနှိုင်းတာမျိုး မဟုတ်ဘဲ ဒီအချိန်တိုက်မယ်ဆိုရင် ဒီအချိန်ရောက်မှ နို့တိုက်တာဟာ ကလေးကို ဆာလောင်စေပြီး မိခင်အနေနဲ့လည်း နို့ထွက်တဲ့ ပမာဏကို ချုပ်တည်းသလို ဖြစ်စေပါတယ်။ နို့များများထွက်ဖို့ အကောင်းဆုံးနည်းလမ်းက ကလေးနို့ဆာတဲ့အချိန်တိုင်း နို့တိုက်တာပဲ ဖြစ်ပါတယ် ။ မွေးကင်းစအရွယ်ကို တစ်နေ့ ၁၀ ကြိမ်မှ ၁၂ ကြိမ်ထိ နို့ချိုတိုက်ကျွေးနိုင်ပြီး အလျဉ်းသင့်ရင် သင့်သလို တိုက်ကျွေးနိုင်ပါတယ်။

 

၂။ ပုံမှန်နို့တိုက်ရမယ့်အချိန် ကျော်လွန်သွားသည့်အခါ

တစ်ခါတလေ မိခင်တွေက အလုပ်ကိစ္စရှိလို့ အပြင်သွားရတဲ့အခါမျိုးမှာ ကလေးကို အိမ်က လူတွေနဲ့ ထားခဲ့ပြီး ကလေးဗိုက်ဆာရင်ကျွေးဖို့ ဖော်မြူလာဖြည့်စွက်စာ အစားထိုးပေးခဲ့တာမျိုး ရှိပါတယ်။ ဒါပေမဲ့ကလေးကို ဖြည့်စွက်စာကျွေးထားတဲ့အတွက် ကလေးက ဗိုက်မဆာပေမယ့် မိခင်တွေကတော့ ဟော်မုန်းတွေရဲ့ လှုံ့ဆော်မှုအရ နို့တိုက်နေ တဲ့ အချိန်အလိုက် နို့ရည်က ပုံမှန်ထွက်လာလေ့ရှိပါတယ်။ 

 

ဒါမေပဲ့ ကလေးက မစို့တာကြောင့် ကြာတဲ့အခါ ပမာဏများများ ပြန်ထွက်ဖို့ ခက်ခဲ သွားတတ်ပါတယ်။ အထူးသဖြင့် တချို့မိခင်တွေက ကလေးမွေးပြီးပြီးချင်း ပထမဆုံး ရက်မှာ ကလေးနို့မတိုက်တာကြောင့် နောက်ရက်တွေမှာ ကလေးကို နို့တိုက်နိုင်မယ့် အခွင့်အရေးပိုပြီး ဆုံးရှုံးသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သံလွင် (ဆေးဝါး)
Arogyam magazine, No.279, October 2015, Pg. 51



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18