Print

လက်ကိုင်ဖုန်းနဲ့ ကလေးတွေ

  24-Feb-2017
Preview Image

ငါးနှစ်သားအရွယ် ကလေးငယ်ရဲ့ ဦးနှောက်ကို ဦးခေါင်းခွံရိုးပါးပါးက ဖုံးအုပ်ထား ပါတယ်။ ကလေးရဲ့ ဦးနှောက်ဟာလည်း လူကြီးဦးနှောက်ထက် အရည်တွေများနေတယ်။ ဆွစ်ဇလန်နဲ့ ပြင်သစ်နိုင်ငံမှာ ပုံစံထုတ်တဲ့ စက်မှုလုပ်ငန်းအဖွဲ့တွေရဲ့ လေ့လာချက်ကတော့ ကလေးတွေရဲ့ရိုးတွင်းခြင်ဆီက ရေဒီယိုရောင်ခြည်လှိုင်းကို လူကြီးတွေထက် ၁၀ ဆ စုပ်ယူနိုင်တာတွေ့ရတယ်။ 

 

၁ နှစ်အောက်ကလေးနှင့် လမ်းလျှောက်တတ်ခါစ ကလေးငယ်တွေ ဆိုရင် ရောင်ခြည်ကို ၁၀ ဆထက် ပိုစုပ်ယူနိုင်တယ်။ ဖုန်းတွေမှာပါတဲ့ မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးရယ်၊ ငါးတစ်ကောင် နှစ်ကောင်ရယ်၊ ဖစ်ကဗူး (Peek-aboo) ဆိုတဲ့ ကလေးတွေ ကစားတဲ့ဂိမ်းကို ကလေးတွေအတွက် ကောင်းကျိုးထက်ဆိုးကျိုး ပိုဖြစ်တယ်ဆိုတာကို သိတဲ့မိဘ မရှိသလောက်ပါပဲ။ ကလေးတွေကို ဖန်သားပြင်ကိုချည်း ကြည့်နေတာထက် အဖေ၊ အမေ၊ ညီအစ်ကို မောင်နှမတွေရဲ့ မျက်နှာကို ကြည့်ဖို့လိုတယ်လို့ အမေရိကန်နိုင်ငံ ကလေးဆေးပညာရှင်အဖွဲ့က သတိပေးလိုက်ပါတယ်။

 

အီလက်ထရောနစ် စက်ကိရိယာတွေကို သုံးတဲ့အခါ လိုက်နာရမယ့် အချက်အလက်များ -

 

၁။ ကိရိယာကို မသုံးတဲ့အချိန်မှာ အဝေးမှာထားရမှာ ဖြစ်တယ်။

 

၂။ ခေါင်းနဲ့ နားရွက်နားကပ်ကြီး လက်ကိုင်ဖုန်းနှင့် စကားမပြောပါနှင့်။

 

၃။ လက်ကိုင်ဖုန်းကို အသံချဲ့တာနဲ့ ပြောနိုင်သလို လက်ကိုင်ဖုန်းကို ကြိုးတပ်ပြီး နားကြပ်နဲ့သီချင်း နားထောင်သလိုမျိုး စကားပြောနိုင်တယ်။

 

၄။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လက်ကိုင်ဖုန်းကို မိမိဝမ်းဗိုက်နဲ့ နီးကပ်တဲ့နေရာမှာ မသုံးရဘူး။ မထားရဘူး။ နောင်ကလေးအဖေဖြစ်လာမယ့် အမျိုးသားတွေလည်း လက်ကိုင်ဖုန်းကို အိတ်ကပ်ထဲ မထည့်ရဘူး။ 

 

၅။ ရှင်တို့တွေရဲ့ လက်ကိုင်ဖုန်းကို ကလေးတွေကစားဖို့ ဒါမှမဟုတ် အသုံးပြုဖို့ ခွင့် မပြုရပါဘူး။ ဆယ်ကျော်သက်တွေ လက်ကိုင်ဖုန်း သုံးရင်ဖုန်းထဲမှာပါတဲ့ အသံချဲ့တဲ့အရာနဲ့ ဒါမှမဟုတ် ဖုန်းကိုကြိုးတပ်ပြီး နားကြပ်နှင့်ပဲ စကားပြောရမှာဖြစ်တယ်။

 

၆။ ကွန်ပျူတာတစ်ခုနှင့် တခြားကွန်ပျူတာတွေကြားမှာ သတင်းအချက်အလက်တွေ အမြန်ပို့နိုင်တာနှင့် ကွန်ရက်တစ်ခုနှင့် နောက်ကွန်ရက်တစ်ခုအကြား သတင်း အချက်အလက်အမြန်ပို့နိုင်တဲ့ ကြိုးမဲ့ အီလက်ထရောနစ်ကိရိယာ (Wireless Router) ကို ညအချိန်မှာ ပိတ်ထားရင် ရောင်ခြည်ထွက်တဲ့ ပမာဏအနည်းဆုံးအထိ လျော့ချနိုင်မယ်။

 

၇။ လက်ကိုင်ဖုန်း ကထွက်တဲ့ ရောင်ခြည်ကြောင့် မျိုးရိုးဗီဇ ထိခိုက်သွားတာကို ခန္ဓာကိုယ်ထဲက နဂိုသဘာဝ ပြုပြင်တဲ့လုပ်ငန်းကို ပိုကောင်းလာအောင်လို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားသုံးရမှာ ဖြစ်သလို အလင်းမဲ့အမှောင်ကျနေတဲ့ အိပ်ခန်းမှာ ညစဉ်ညတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရမှာ ဖြစ်တယ်။

 

၈။ ကားမောင်းနေတုန်း သတင်းအချက်အလက်ကို လက်ကိုင်ဖုန်းနှင့် မပို့ရပါဘူး။ နောက်ပြီး ကားအတွက် သီးသန့်ထုတ်ထားတဲ့ ဧရိယာတိုင်ကိုပဲသုံးမှ လက်ကိုင်ဖုန်းက ထွက်တဲ့ ရောင်ခြည်ကို ခန္ဓာကိုယ်က မစုပ်နိုင်အောင် ရှောင်ရှားနိုင်မှာ ဖြစ်တယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Wellness magazine, August 2015, Pg. 162-164

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18