Print

ကလေး နှာခေါင်းအတွင်းသို့ ပစ္စည်း တစ်စုံတရာ ဝင်ရောက်ခြင်း

  24-Feb-2017
Preview Image

သင့်ကလေး ဆော့ကစားရင်း ကလေး ကိုယ်တိုင်သော်လည်းကောင်း၊ ကစားဖော် ကသော်လည်းကောင်း၊ နှာခေါင်းအတွင်းသို့ ပစ္စည်း တစ်စုံတရာသွင်းပြီး ကစားတာ ရှိတတ် ပါတယ်။ တစ်ခါတစ်ရံ ကလေးကရော၊ မိခင်များကပါ ချက်ချင်း သတိ မပြုမိတတ်ပါဘူး။ ဒါပေမဲ့ နှစ်ရက်၊ သုံးရက် ကြာလာတဲ့အခါ နှာခေါင်းသွေးယိုခြင်း (သို့) အနီရောင် အပုပ်နံ့နံ တဲ့ အရည်ယိုခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။

 

စိုးရိမ် ရပါသလား
နှာခေါင်း အတွင်း ဝင်ရောက်နေတဲ့ ပစ္စည်းကို အလွယ်တကူ မဖယ်ထုတ်နိုင်ရင် အတွင်းသို့ ပိုမို ဝင်ရောက်စေနိုင်တာမို့ အနီးဆုံး ကျန်းမာရေးဌာန တစ်ခုခုသို့ မြန်မြန်ခေါ် သွားရန်လိုပါတယ်။ အလွယ်တကူ ဖယ်ရှားပစ်လို့ရပါက နောက်ဆက်တွဲ စိုးရိမ်ရန် ပြဿနာ မရှိနိုင်တဲ့အတွက် အရေးမကြီးပါဘူး။ အစိုးရိမ်ရဆုံးကတော့ ဝင်သွားတဲ့ ပစ္စည်းဟာ အသက်ရှူသွင်းရာမှာ ပါသွားပြီး အဆုတ်ထဲ ရောက်ကာ လေပြွန်ပိတ်ဆို့စေတဲ့ အဖြစ်မျိုးကြောင့် အသက်ရှူကျပ်ခြင်း၊ အသက်ရှူမရခြင်းတို့ ဖြစ်လာတာပါပဲ၊ နီးရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားဖို့လိုပါတယ်။ 

 

သင် ပထမဆုံး ဘာလုပ်သင့်သလဲ
၁။ ကလေး အသက်အရွယ်အရ လူကြီး ပြောတာကို နားလည်ပြီး လိုက်လုပ်တဲ့အရွယ်ဆိုရင် ပစ္စည်း ဝင်ရောက်ခြင်း မရှိတဲ့ နှာခေါင်းနှစ်ဖက်ကို လက်နဲ့ဖိပြီး ပိတ်ကာ ကျန်နှာခေါင်း တစ်ဖက်ကို နှာမှုတ်ထုတ်ခိုင်းပါ။ ပိတ်ဆို့နေတဲ့ ပစ္စည်းထွက်သွားနိုင်ပါတယ်။ ကလေးငယ် လွန်းရင်တော့ ဒီနည်းကို လုပ်ဆောင်ခြင်း မရှိဘဲ နှာမှုတ်ထုတ်ရမည့်အစား ရှူသွင်းမိကာ ပိုမို ဆိုးဝါးတတ်ပါတယ်။

 

၂။ လုပ်ဆောင်ပေးသင့်တဲ့ နောက်တစ်နည်းကတော့ ကလေးကို ပက်လက်အိပ်စေပြီး နှာခေါင်း အတွင်းကို မြင်ရအောင် အလင်းရောင်နှင့် ထိုးကြည့်ထားစဉ် ဇာဂနာငယ်ကို အသုံးပြုကာ ပိတ်ဆို့နေတဲ့ အရာဝတ္ထုကို ဖယ်ရှားပေးခြင်း ဖြစ်ပါတယ်။ တကယ်လို့ ပိတ်ဆို့ ပစ္စည်းကို ဆွဲထုတ်စဉ် အတွင်းဘက်သို့သာ ဝင်ရောက်ခြင်း ဖြစ်နေပါက ဆက်ပြီးထုတ်ယူဖို့ မကြိုးပမ်းသင့်ပါ။ ကလေး အသက်ရှူရ ခက်ခဲနေပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသပါ။

 

သင် ဘာလုပ်ဆောင်ပေးရမလဲ
ကလေး ဆော့ကစားတဲ့ အရုပ်များ၊ ကစားစရာများဟာ သေးငယ်လွန်းပြီး ပါးစပ်၊ နှာခေါင်းနဲ့ နားထဲကို ဝင်နိုင်မယ့် ပစ္စည်းမျိုး မဖြစ်ဖို့ ဂရုစိုက်ပေးရန် ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18