တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက်ပိုပြီး သောက်သုံးခြင်းဟာ ကိုယ်ဝန်ဆောင် အမျို...
29-Oct-2016
တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက်ပိုပြီး သောက်သုံးခြင်းဟာ အန္တရာယ်ရှိနိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေ ပါ ဂရုစိုက်သင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ကော်ဖီ ၄ ခွက်ထက် ပိုသောက်ခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေနဲ့ လူငယ်တွေအတွက် ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။ ဥရောပ သမဂ္ဂ ရဲ့ အစားအသောက်ဆိုင်ရာ လုံခြုံရေးဌာနက ကဖိန်းဓါတ်မှီဝဲမှုကန့်သတ်ပမာဏကို သတ်မှတ်ခဲ့တာကတော့ တစ်နေ့ကို ကဖိန်းဓါတ် ၄၀၀ မီလီဂရမ် သာ သုံးစွဲသင့်တယ်လို့ သိရပါတယ်။
အသင့်ဖျော်သောက်နိုင်တဲ့ Instant ကော်ဖီထုပ် တစ်ထုပ်မှာ ကဖိန်း ပမာဏ ၁၀၀ မီလီဂရမ် ပါဝင်နေပါတယ်။ ဥရောပ သမဂ္ဂ ရဲ့ အစားအသောက်ဆိုင်ရာ လုံခြုံရေးဌာနကသတိပေးခဲ့တာကတော့ ထို သတ်မှတ်ပမာဏ ထက်ပိုပြီး ကဖိန်းဓါတ်ကို မှီဝဲပါက မောပန်းနွမ်းနယ်ခြင်း နဲ့ အိပ်မပျော်ခြင်းတို့ကနေ နှလုံးရောဂါ အထိ ဖြစ်ပွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကဖိန်းဓါတ်များများ သုံးစွဲမယ်ဆိုရင်တော့ ပေါင်မပြည့်တဲ့ ကလေးကို မွေးလာနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု ဌာန က သတိပေးထားတာကတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကဖိန်းဓါတ်များများမှီဝဲ မိတဲ့အခါ ကိုယ်ဝန် ပျက်ကျတဲ့ အထိ ဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။
ကဖိန်းပါဝင်မှုများတဲ့ အစားအစာတွေကတော့ espresso ကော်ဖီ တစ်ခွက်မှာ ကဖိန်း ၈၀ မီလီဂရမ် ပါဝင်နေပါတယ်။ လက်ဖက်ရည်တစ်ခွက်မှာ ၅၀ မီလီဂရမ်ပါဝင်ပါတယ်။ ကျွဲရိုင်းတစ်ဘူးမှာတော့ ကဖိန်း ၈၀ မီလီဂရမ်ပါဝင်ပြီး ချော့ကလက်တစ်ခွက်မှာ ကဖိန်း ၅၀ မီလီ ဂရမ်ပါဝင်နေပါတယ်။ Coke မှာတောင်မှ တစ်ဘူး ကို ကဖိန်း ၃၀ မီလီဂရမ် ပါဝင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဥရောပ သမဂ္ဂ ရဲ့ အစားအသောက်ဆိုင်ရာ လုံခြုံရေးဌာနက ကဖိန်းကြောင့် နှလုံး နဲ့ အာရုံကြော အပြင် ကိုယ်ဝန်ဆောင်တွေအတွက် သန္ဓေသားကိုပါ ထိခိုက်နိုင်တယ်လို့ သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။
Ref: Mario dailymail Thursday, May 28, 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
