Print

စပျစ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

  30-Oct-2016
Preview Image

စပျစ်သီးမှာ ဗီတာမင် အေ၊ စီ၊ B6 နဲ့ ဖောလိတ်ဓာတ်များများ ပါဝင်တဲ့အပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီလီနီယမ်တို့လို မရှိမဖြစ် သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ စပျစ်သီးမှာ ပါဝင်တဲ့ ဖလေဗိုးနွိုက်ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပြီး ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ်အောင်နဲ့ အိုမင်းရင့်ရော်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

(၁) ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပါတယ်

 

စပျစ်သီးရဲ့ ထင်ရှားတဲ့ ဆေးဖက်ဝင်တန်ဖိုးဟာ ပန်းနာရင်ကျပ်ရောဂါ

ကုသရေးမှာ အသုံးဝင်ပါတယ်။ ဒါ့အပြင် အဆုတ်ထဲကအစိုဓာတ်အားကောင်းစေပါတယ်။

 

(၂) နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်

 

စပျစ်သီးဟာ သွေးထဲက နိုက်ထရစ်အက်စစ်အဆင့်ကိုတိုးစေတာကြောင့်

သွေးခဲမှုကိုကာကွယ်ပေးနိုင်ကာ နှလုံးရောဂါထနိုင်ခြေကို လျော့ကျစေပါတယ်။ စပျစ်သီးမှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ မကောင်းတဲ့LDL ကိုလက်စထရောရဲ့

အောက်ဆီဂျင်နဲ့ဓာတ်ပေါင်းမှု (ဓာတ်ပေါင်းမှုကြောင့်သွေးကြောပိတ်စေနိုင်ပါတယ်)

မဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

(၃) ခေါင်းတစ်ခြမ်းကိုက်တာကိုသက်သာစေပါတယ်

 

စပျစ်သီးမှည့်ဖျော်ရည်ဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါကုသရေးအတွက် အိမ်တွင်းကုထုံးဖြစ်ပါတယ်။ နံနက်စောစောမှာ ရေမရောဘဲ သောက်သင့်ပါ

တယ်။

 

(၄) ဝမ်းမချုပ်အောင် ကာကွယ်ပြီး ဝမ်းမှန်မှန်သွားစေပါတယ်

 

စပျစ်သီးဟာ ဝမ်းချုပ်တာကို ကျော်လွှားနိုင်ပါတယ်။ စပျစ်သီးမှာ ဩဂဲနစ်အက်စစ်၊ သကြားနဲ့ ဆဲလ်လူးလို့စ် ပါဝင်တာကြောင့် ဝမ်းပျော့စေတဲ့အစာအဖြစ် အသိအမှတ်ပြုကြပါတယ်။ စပျစ်သီးဟာ အူနဲ့အစာအိမ်ကို သန်မာစေတာကြောင့် နာတာရှည်ဝမ်းချုပ်တာကို သက်သာစေပါတယ်။

 

(၅) အစာကြေညက်စေပါတယ်

 

စပျစ်သီးဟာ အစာမကြေတဲ့ဝေဒနာကို သက်သာစေပါတယ်။ အစာအိမ် စပ်ဖျဉ်းဖျဉ်းဖြစ်တာကို လျော့ပါးစေတာကြောင့် သရေစာအနေနဲ့ စားသင့်တဲ့အစာပါ။

 

(၆) ညောင်းညာမှုကို တွန်းလှန်နိုင်ပါ တယ်

 

စပျစ်သီးဖျော်ရည်က ခန္ဓာကိုယ်ထဲမှာ သံဓာတ်ပမာဏကို ဖြည့်တင်းပေး တာကြောင့် ညောင်းညာပင်ပန်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အမည်းရောင် စပျစ်သီးဖျော်ရည်ဟာ စွမ်းအင်ကို ချက်ချင်းရရှိစေပါတယ်။အင်တီအောက်ဆီး ဒင့် ပါဝင်မှုကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်။

 

(၇) ကျောက်ကပ်ရောဂါတွေကို သက်သာစေပါတယ်

 

စပျစ်သီးဟာ ယူရစ်အက်စစ်များနေတာကို လျော့ကျစေပြီး ဆီးကနေ အက်စစ်ထွက်နှုန်းတိုးစေတာကြောင့် ကျောက်ကပ်အပေါ်ဖိအားသက်ရောက် မှုကို လျော့ကျစေပါတယ်။

 

(၈) ရင်သားကင်ဆာကို ကာကွယ်ပေး ပါတယ်

 

နောက်ဆုံးပေါ် လေ့လာမှုတစ်ခု အရ စပျစ်သီးဟာ ရင်သားကင်ဆာ

မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါ တယ်။

 

(၉) အယ်လ်ဇိုင်းမားရောဂါကို သက်သာစေပါတယ်

 

စပျစ်သီးမှာပါတဲ့ရက်စ်ဗာရထရောဟာ အယ်လ်ဇိုင်းမားရောဂါရှိသူတွေမှာ

amyloidalbetapeptidesအဆင့်ကို လျော့ကျစေပါတယ်။ လေ့လာမှုတွေအရ စပျစ်သီးတွေဟာ ဦးနှောက်ကျန်းမာရေးကို ကောင်းစေသလို အာရုံ

ကြောထိခိုက်မှုဆိုင်ရာ ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

 

(၁၀) မျက်စိကို ကျန်းမာစေပါတယ်

 

စပျစ်သီးဟာ အသက်ကြီးတာကြောင့် အမြင်အာရုံဆုံးရှုံးတာနဲ့

မက်ကူလာ ယိုယွင်းပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18