Print

သွေးအားကောင်းစေရန် အစားလည်းဆေး ဆေးလည်းအစာ စားပေးပါ

  30-Oct-2016
Preview Image

သွေးအားကောင်းအောင်(သိုမဟုတ်) ဟီမိုဂလိုဗင် အားကောင်းအောင် အဓိကတော့ သံဓာတ်ပါဝင်သည့် အစားသောက်များကို စားသုံးပေးဖို့ဘဲ ဖြစ်ပါတယ် ။

အသည်းတို ့အသားတို့ဟာ သံဓာတ်အားကောင်းသည့် အစားအစာဖြစ်ပေမဲ့ အသီးအနှံဘဲစားချင်တယ်၊ ကြိုက်တယ်ဆိုရင် ပဲအမျိုးမျိုးများကို စားသုံးပေးပါ။ အသီးအနှံတွေဖြစ်သည့် ထောပတ်သီး ၊ ဌက်ပျောသီး၊ သခွား၊ စတော်ဘယ်ရီ၊ စပျစ် စသည့်အသီးနှံများကို စားပေးပါ ။ အစားသောက်အစုံ စားတတ်သူအတွက်က တိုရ (ခေါ်) ပဲပင်ပေါက်ကို များများ ထည့်စားပေးပါ။ လိမ္မော်သီး၊ ကဗ္ဗလာအသီးတို့ကို အရည်ဖျော်သောက်ပေးခြင်းနှင့် အစိတ်အပိုင်းများကိုတွဲပြီး စားသောက် ပေးသင့်ပါတယ်။ နို ့ထွက်ပစ္စည်းများကိုလည်း စားသောက်ပေးပါ ။

အသီးအရွက်ကိုစားချင်တယ်ဆိုရင် ကိုက်လန်၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ မုန်လာဥ၊ အာလူး ၊ ပြောင်းဖူး နှင့် ကန်စွန်းဥ များကို များများ စားသုံးပေးခြင်းဖြင့်လည်း သံဓာတ်အားကောင်းစေပြီး သွေးအားကောင်းစေပါတယ် ။ အဖန်ဓာတ်ပါသော အရည်များ သောက်သုံးခြင်းကို ရှောင်ရှားပေးပါ။ အမျိုးသမီးများဓမ္မတာလာသည့်အခါတွင် သွေးအားနည်းတက်သည့်အတွက် အသီးအနှံ နှင့်ပဲအမျိုးမျိုးဖြင့် ချက်လုပ်ထားသည့် ဟင်းများကို စားသောက်ပေးပါ။

 

Ref:

Mg Mandalay

Tuesday, June 23, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18