Print

ဗီတာမင် B12 က ၀က်ခြံပေါက်ခြင်းနှင့်ဆက်စပ်နေ

  30-Oct-2016
Preview Image

လေ့လာသူများက အရေပြားတွင် တွေ့ရအများဆုံး Propioni- bacterium Acnes က အချို့သူများတွင် ၀က်ခြံများ ဖြစ်ပွားစေပြီး အချို့သူများတွင် အဘယ်ကြောင့် မဖြစ်ပွားသည်ကို သိရရန်အတွက် ယင်း ဘက်တီးရီးယား၏ ဗီဇအား စစ်ဆေး ခဲ့ကြသည်။ ထိုအခါ ဗီတာမင် B12 ၀က်ခြံပေါက်ခြင်းနှင့် ဆက်စပ်နေကြောင်း တွေ့ခဲ့ရသည်။ လူသားများတွင် ဗီတာမင် B12က ဓာတုရုပ် ဖြစ်ပျက်ခြင်း၊ သွေးနီဥဆဲလ်များဖြစ်ပေါ်ခြင်းနှင့် ဗဟိုအာရုံကြောစနစ်တို့ အပေါ်တွင် များစွာ သက်ရောက်မှု ရှိလေသည်။ ဘက်တီးရီးယား၏ ဗီဇစနစ်ကို လေ့လာခဲ့ရာ ဗီတာမင် B12 က ၀က်ခြံများသူများ၏ အရေပြားဘက်တီးရီးယားများအား ၀က်ခြံမရှိသူများ၏ အရေပြားဘက်တီးရီးယားများထက် များစွာပြောင်းလဲစေသည်။ လေ့လာသူများက ယင်းအချက်အား သေချာစေရန် ပါ၀င်သူများအား ဗီတာမင်B12 အားဖြည့်ဆေးအား ထိုးပေးစောင့်ကြည့်ခဲ့ရာ ၁၀ ဦးလျှင် ၁ ဦးနှုန်း ၀က်ခြံများ ပေါက်လာကြောင်း တွေ့ခဲ့ရသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ ဗီတာမင် B12များ ပိုများလာပါက ဘက် တီးရီးယား၏ ဗီဇ ပြောင်းလဲလာပြီး ဗီတာမင်ထုတ်လုပ်မှုကို ဖိနှိပ်ကာ ရောင်ရမ်းမှုကို

အားပေးပြီး ၀က်ခြံပေါက်ရာ၌ အဓိကကျသည့် Porp- hyrin ထုတ်လုပ်မှုကို

များစေလေသည်။

ယခုတွေ့ရှိမှုအား Science Translational Medicine Journal ၌ ပုံနှိပ်ဖော်ပြခဲ့သည်။

 

Ref:

အဝင်း

Health Updates Journall

No.177

as in

IANS



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18