Print

ဆိုဒီယမ်ဓာတ်ပါ၀င်မှုများသော အစားအစာများကိုစားသုံးပါက သွေးတိုးရောဂါ ဖြစ...

  30-Oct-2016
Preview Image

ဆိုဒီယမ်ဓာတ် ပါဝင်မှုများသော အစားအစာများကို စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားတတ်သောကြောင့် ဆိုဒီယမ်ဓာတ် ကို လျှော့ချသည့်အနေဖြင့် ဆိုဒီယမ်ပမာဏ လျော့နည်းသော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက် နှင့်အသီးအနှံများကိုသာစားသုံးသင့်ကြောင်း ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) ကပြောသည်။ ဆိုဒီယမ်ဓာတ်များစွာ ပါဝင်နေသောဆား ၊ ဟင်းချိုမှုန့်၊ ပဲပိစပ်ဆော့စ်၊ စားပွဲတင်ဆော့စ်နှင့် ဟင်းချက်ဆော့စ်များကို လွန်ကဲစွာ စားသုံးခြင်း၊ ဆိုဒီယမ်ဓာတ်ကိုပြုပြင်စီမံထားသော စည်သွတ်အစာဘူးများ၊အသင့်စားခေါက်ဆွဲများ၊ ဝက်ဆားနယ်ခြောက်များ နှင့် အေးခဲထားသော အစားအစာများကို စားသုံးခြင်းဖြင့် သွေးတိုးရောဂါ ဖြစ်ပွားပြီးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သော နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ နှင့် နာတာရှည်ရောဂါများ ဖြစ်ပွားကာ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သိရသည်။ လူ၏ခန္ဓာကိုယ်တွင်း ကောင်းစွာအလုပ်လုပ်နိုင်ရန် ဆိုဒီယမ်ဓာတ် တချို့လိုအပ်ပြီး ခန္ဓာကိုယ်အတွက် အရေးပါသည်များလည်းရှိရာ ခန္ဓာကိုယ်ထဲတွင်ရှိသော အရည်ဓာတ်များဟန်ချက်ညီမျှအောင် ပြုလုပ်ပေးခြင်း၊အာရုံကြောများလှုံ့ဆော်မှု ကောင်းစေခြင်း နှင့် ကြွက်သားများ ကျုံ့ဆန့်ပြီး အနားရစေခြင်းများကို ကူညီဆောင်ရွက် ပေးလျက်ရှိရာဆိုဒီယမ်ပါဝင်သောအစားအစာများကို လျှော့စားခြင်းဖြင့် ကျောက်ကပ်သည် ဆိုဒီယမ်ပမာဏကို ကောင်းစွာသိုလှောင်ထားနိုင်ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှကျန်းမာသော လူတစ်ယောက်သည် နေ့စဉ်ဆားသုံးစွဲမှု ၅ ဂရမ် သို့မဟုတ် လက်ဖက်စားဇွန်း တစ်ဇွန်းထက ်မပိုရဟူ၍ သတ်မှတ်ထားပြီး အသက်ငယ်သောကလေးများသည် ၅ ဂရမ်ထက် လျော့နည်းစွာ စားသုံးသင့်ပြီး ဆိုဒီယမ် ၁ဂရမ်သည် ဆား ၂ ဒသမ ၅ ဂရမ်နှင့် ညီမျှကြောင်းသိရသည်။ထိုသို့ဆိုဒီယမ်ကို လျှော့စားရန်လိုအပ်သောကြောင့် ဆိုဒီယမ်ဓာတ်များစွာပါဝင်သောအစားအစာများကိုစားသုံးခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ပြီး ဆိုဒီယမ်ပမာဏလျော့နည်းသော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက် များနှင့် အသီးအနှံများကိုသာ စားသုံးရန်နှင့် ကြက်ကင်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဆတ်သား ခြောက်ကင်၊ ပီဇာ အမျိုးမျိုးနှင့် ဟော့ဒေါ့မုန့် များတွင် ဆိုဒီယမ်ပါဝင်မှုများတတ် သောကြောင့် သတိပြုစားသုံးသင့်ကြောင်း သိရသည်။

 

Ref:

နေနေ

Themyawadydaily

ရန်ကုန် ၊ ၂၆-၅-၂၀၁၅



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18