Print

အဆိပ်ပြေစေမည့် တွဲဖက်အစားအစာများ

  30-Oct-2016
Preview Image

မိမိတို့နေစဉ် စားသောက်နေကြတဲ့ အစားအစားတွေထဲမှာ အာဟာရကို ဖြစ်စေနိုင်တဲ့ဓါတ်များ ပါ၀င်နေသလို ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်တဲ့အရာများလည်း ပါ၀င်နေကြပါတယ်။ မိမိတို့မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးနေကြတဲ့ အီကြာကွေးထဲကို ကြွတ်ရွနေအောင် ကျောက်ကျဉ်တို့လို၊၊ ဆိုဒါတို့လိုဟာတွေ ထည့်ထားသည့်အတွက် Aluminum ဓါတ်ကို ဖြစ်ပေါ်စေပါတယ်။ ၄င်းအလူမီနမ်ဓါတ်ဟာ ဦးနှောက်ဆဲလ်များကို သေစေနိုင်ပြီး မှတ်ဉာဏ်ချို့တဲ့စေသလို လူ့ခန္ဓာကိုယ်အတွက်လည်း ဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ ၄င်းအလူမီနမ်ဓါတ်ကို ခြေဖျက်ပေးနိုင်တာက ပဲနို့ရည်ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံခြားမှာ ပဲနို့နဲ ့အီကြာကွေးကို အမြဲတွဲရောင်းပေးလေ့ရှိကြတယ်။ မိမိတို့မြန်မာလူမျိုးများ နှစ်ခြိုက်စွာစားသုံးနေကြသည့် ငပိရည်နှင့်တို့စရာတွေထဲမှ အချဉ်ဖောက်ထားသည့် ကတက်ချဉ်၊ မုန်လာချဉ်၊ မုန်ညင်းချဉ်၊ သရက်ချဉ်စတဲ့ ချဉ်ဖတ်အမျိုးမျိုးဟာ အူမကြီးကင်ဆာအစာအိမ်ကင်ဆာစတဲ့ ရောဂါများကို ဖြစ်ပေါ်စေနိုင်တဲ့ဓါတ်တွေ ပါ၀င်နေပါတယ်။ အဲဒီအချဉ်ဖောက်ထားတဲ့ဓါတ်ကို ပယ်ဖျက်ပေးနိုင်တာက ကီဝီသီးတို့လို ဗီတာမင်စီပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ အောက်ပါ အစားအစာများကို တွဲဖက်၍ စားသုံးပေးခြင်းဖြင့် ၄င်းအစားအစာတို့တွင် ပါ၀င်သော အဆိပ်အတောက်များကို ပြေပျောက်စေပါမည်။(၁) အသားကင်များစားလျှင် အစာအိ်မ်ကင်ဆာမဖြစ်အောင် သံပုရာသီးညှစ်ထည့်ပြီး စားပါ။ Cellulose ဓါတ်ပြည့်ဝတဲ့ ကန်စွန်းဥဖုတ် (သို့) စိမ်းစားဥကို စားပေးပါ။ (၂) အဆီအဆိမ့်များလွန်းသော ဒံပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကို မစားမီ အနားမှာ ချပေးထားတဲ့ ပူစီနံ ၃ရွက်ခန့်ကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းစေပါမည်။ (၃) လက်ဖက်စားပြီး အစာမကြေ၊ ရင်ပြည့်ရင်ကယ်မဖြစ်အောင် နွယ်ချို၊စမုံစပါး၊ လေးညှင်း၊ ပျားရည်၊ ကြက်သွန်စသည်တို့ပါ၀င်ထားတဲ့ လျှက်ဆားဆေး၊ မဟာဖြေဆေးတို့လို ဗမာဆေးများကို အနည်းငယ်မျှ စားပြီး ရေနွေးသောက်လိုက်ပါ။ (၄) မျှစ်ချဉ်သုပ်၊ မျှစ်ချင်ဟင်း၊ မျှစ်ချင်တို့ုစရာတို့ကို စားတော့မယ်ဆိုလျှင် သံပုရာသီး အနည်းငယ်မျှ ညှစ်ထည့်ပါ။ သို့မဟုတ် စားပြီးလျှင် သံပုရာရည်သောက်ပေးပါ။ အဆိပ်အတောက်များကို ပယ်ပျောက်စေမည်။ (၅) ဆေးဘဲဥအမျိုးမျိုးကိုစားပြီးလျှင် ခဲဓါတ်များပျက်ပယ်သွားအောင် ပဲပြား (သို့) တို့ဟူးကို စားပေးပါ။ (၆) အီကြာကွေးစားပြီးလျှင် မှတ်ဉာဏ်ချို့ယွင်းစေတဲ့ဓါတ်များ ပယ်သွားအောင် Lecithin ဓါတ်ပြည့်ဝတဲ့ ပဲနို့ရည်ပူပူလေး သောက်ပေးပါ။ (၇) ၀က်အူချောင်း၊ ကြက်အူချောင်း၊ ၀က်ဆားနယ်ခြောက်၊ ငါးခြောက်တို့ကို စားပြီးလျှင် ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်များ ပယ်သွားအောင် လက်ဖက်ရည်ကြမ်းကို သောက်ပေးပါ။ (၈) ချဉ်ဖတ်အမျိုးမျိုးစားပြီးလျှင် ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း မပျက်စီးအောင် ဗီတာမင်စီပြည့်ဝတဲ့ကီဝီသီးကို စားပေးပါ။ (၉) ဟော့ပေါ့(Hotpot)စားပြီးလျှင် အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်းကင်ဆာမဖြစ်အောင် အပူဓါတ်များကို စုပ်ယူခြေပျက်ပေးနိုင်တဲ့ကျွဲကောသီးကို စားပေးပါ။

 

Ref:

စောနွဲ ့နေဆိုင် (ပူတာအို)

ကျန်းမာရေးသတင်းများ

Monday, July 27, 2015

Source: နက္ခတ္တရောင်ခြည်၊ Jin Li Chao



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18