Print

ပေါက်ပန်းဖြူ၏ ကျန်းမာရေးအကျိုးကျေးဇူးများ

  31-Oct-2016
Preview Image

ပေါက်ပန်းဖြူကို အင်္ဂလိပ်လို Sesbania Formosa ဟုခေါ်သည်။ တောင်တန်းဒေသများမှအပ မြန်မာနိုင်ငံ မြေပြန့်ဒေသ ချောင်းမြောင်း၊ အင်းအိုင် ဘေးများတွင်အများဆုံး ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်ပါသည်။ အစေး၊ အပွင့်၊ အစေ့၊ အရွက်၊ အခေါက်၊ ဥ စသည့် အစိတ်အပိုင်းများကို အသုံးပြုကြပါသည်။

မြန်မာဆေးကျမ်းများ အလိုအရ ပေါက်သည်။ ဖန်ခါးစပ်သော အရသာ ရှိသည်။ ပူသည်။ ဝမ်းမီးကို တောက်စေသည်။ သုက်ကို ပွားစေသည်။ ကျိုးသော အရိုးကို ဆက်စေသည်။ ဆီးရွှင်စေသည်။ အပွင့်သည် ဖန်ခါးစပ်၏။ အေး၏။ လေကို ပွားစေသည်။ သည်းခြေနှင့် သလိပ်ကို နိုင်စေသည်။ ဆီးပူခြင်း၊ ဆီးအောင့်ခြင်းနှင့် နူနာရောဂါကို ပျောက်ကင်းစေသည်။ လတ်ဆတ်သည့် ပေါက်စေးကို လိမ်းပေးလျှင် အနာ အဖု အပိမ့်များပျောက်ကင်းသည်။ ပေါက်စေးကို ဝမ်းသွားပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြုနိုင်သည်။ ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံးစိမ်၍ နံနက်တွင် သကြားအနည်းငယ် ထည့်၍ သောက်လျှင် စအိုဝနာခြင်း၊ ဆီးနှင့်ရော၍ သွေးပါခြင်း၊ နှာခေါင်းသွေး ယိုခြင်းတို့ကို ပျောက်ကင်း စေသည်။ ပေါက်ပွင့်ကို ရေနှင့်ကျို၍ ခပ်နွေးနွေး ချက်တွင် အုံပေးလျှင် ဆီးချုပ်ခြင်း၊ ဆီးအိမ်ရောင်ခြင်းများ ပျောက်ကင်းသည်။

ပေါက်ပွင့်ခြောက်ကို ရေနွေးတွင် လက်ဖက်ခြောက်ကဲ့သို့ ခပ်၍သောက်သော်မောပန်းခြင်းကို ပြေစေ၍ သွေးသားကို သန့်ရှင်းစေသည်။ ပေါက်စေ့ကို သံပုရာရည်နှင့် ကြိတ်၍လိမ်းလျှင် ယားနာပွေးနာများ ပျောက်ကင်းသည်။ အစေ့ကို ရေတွင်စိမ်၍ အခွံနွှာပြီးလျှင် အတွင်းအဆန်ကို အခြောက်လှန်းကာ ကြိတ်၍ နံနက်၊ ည တစ်နေ့ ၂ ကြိမ်ဆက်စားပြီး (၄)ရက် မြောက်သောအခါ ဝမ်းနုတ်ဆေး (သို့) ဝမ်းပျော့ဆေးစားပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်းလာမည်။ အရွက်ကို အားဆေး၊ အားတိုးဆေးဖော်စပ်ရာတွင် အသုံးပြုကြသည်။ ပေါက်ဥမှုန့်ကို ပျားရည်နှင့်တွဲ၍ စားသော် အားအင်ပြည့်ဖြိုး၍ အသက်ရှည်စေသည်။ ပေါက်ပွင့်များ ပွင့်နေသည်မှာ အဆုပ်လိုက် ရဲရဲနီနေအောင် ပွင့်နေသည်ကို အသားထင်မှတ်ပြီး ခွေးမျှော်ကြည့်နေသောကြောင့် လူကြီးသူမများက ပေါက်ပွင့်ခွေးမျှော်ဟု စကားဆိုကြကြောင်း သိရသည်။

ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို မျက်စဉ်း ခတ်ပေးပါက မျက်စိမှုန်ခြင်း၊ ဝေခြင်းတို့ ကို သက်သာစေသည်။ အဆစ်ရောင်ရောဂါ ဝေဒနာ ခံစားရပါက ပေါက်ပန်းနီပွင့်၏ အမြစ်ကို ရေနှင့်သွေး၍ မီးဖြင့်နွေးအောင်ပြုပြီး ရောင်သော အဆစ်များကို လိမ်းပေးခြင်းဖြင့် သက်သာစေသည်။ အတက်ရောဂါ၊ ဝက်ရူးရောဂါ ခံစားနေရသူ များပေါက်ပန်းဖြူရွက်ကို ငရုတ်ကောင်းနှင့် ရောစပ်ကာ ကြိတ်ပြီး ရှူပေးခြင်းဖြင့် သက်သာစေသည်။ ခေါင်းတစ်ခြမ်းကိုက်ပါက အပွင့်နှင့်အရွက်ကို အရည်ညှစ်ပြီး ရှူပေးပါက သက်သာစေသည်။ အရိုးကျီးပေါင်း ရောဂါ၊ ကြက်မျက်သင့်ရောဂါဖြစ်ပါ က ပေါက်ပန်းဖြူပွင့်ကို ပြုတ်၍ စားပေးနိုင်သည်။ တုပ်ကွေးဖျား(သို့မဟုတ်) ရိုးရိုးဖျားခြင်းများဖြစ်ပါက ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနှင့် ကြော်စားနိုင်သည်။ ဆီးနီ၊ ဆီးနည်းရောဂါများအတွက် ပေါက်ပန်းဖြူရွက်ကို ဟင်းချက်စား၍သော် လည်းကောင်း၊ အပွင့်ကို ကြော်ချက်စားခြင်းဖြင့်သော်လည်းကောင်း ဆီးရောဂါ သက်သာစေသည်။ အပူလောင်နာကို ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးပါက သက်သစေသည်။ ထိခိုက်ဒဏ်ရာ ရလျှင် ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခန့် သောက်ပေးပါက အနာမန်းဝင်ခြင်း ကို ကင်းဝေးစေသည်။ ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်တွင် ကျောက်ရှိ သူများ မကြာခဏပြုတ်တို့စားပေးရသည်။ မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါ ဖြစ်လျှင်ပေါက်ပန်းဖြူပွင့်ကို သုပ်စားရသည်။

Healthcare.com.mm

 

Ref:

Credit: MOI Webportal Myanmar

Saw Noi Nay Saing - Putao



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18