Print

ဆောင်းတွင်းအရေပြားခြောက်သွေ့ခြင်းနဲ့ အစားအသောက်

  31-Oct-2016
Preview Image

အသားအရေ ခြောက်သွေ့တဲ့အခါ အခြေအနေပိုဆိုးမသွားစေဖို့နဲ့ ဝေဒနာသက်သာစေဖို့ အစားအသောက်တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ကဖင်းဓာတ်နဲ့ အချို၊ အငန်များတဲ့ အစားအစာတွေက အရေပြားခြောက်သွေ့ရောင်ရမ်းမှုတွေကို ပိုဆိုးစေတတ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာဆိုရင် ဒီလိုအစားအစာတွေကို တတ်နိုင်သလောက်ရှောင်ပေးပါ။

အရေပြားအတွက် ကောင်းတဲ့အစားအသောက်တွေကတော့ …

ရေ - ရေဟာ ခန္ဓာကိုယ်သန့်စင်ဖို့အတွက် အဓိကအဟာရတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်းတွေ သန့်စင်မှုကိုသာမက အရေပြားအစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

တရုတ်နံနံ - အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့ သဘာဝအစားအစာ တစ်မျိုးပါ။ သူ့မှာပါဝင်တဲ့ Silica ဓာတ်က အရေပြားအစိုဓာတ်နှင့် အရေပြားကျုံ့နိုင်၊ ဆန့်နိုင်အားကို ပိုကောင်းစေပါတယ်။

သခွားသီး - သခွားသီးမှာ ဆီလီကာဓာတ်အပြင် ရေနှင့် ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြားစိုပြည် တင်းရင်းစေပါတယ်။

ဆယ်လ်မွန်ငါး - ပင်လယ်ငါးတစ်မျိုးဖြစ်တဲ့ ဆယ်လ်မွန်ငါးမှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်နဲ့ ပရိုတင်း၊ ဆီလီနီယမ်ဓာတ်တွေ ပါဝင်တာကြောင့် အရေပြားခြောက်သွေ့မှုကို သက်သာစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

Flax Seeds - Flax Seeds မှ အိုမီဂါ -၃ ဖက်တီအက်ဆစ်များစွာ ပါဝင်တာမို့ အရေပြား အစိုဓာတ်ကို ကြာရှည်ထိန်းသိမ်းပေးနိုင်တယ်။ ဆဲလ်ရောင်ရမ်းမှုကိုလည်း ကျစေပါတယ်။ အခွံမာစေ့များမှာလည်း အိုမီဂါ -၃ ကြွယ်ဝစွာ ပါဝင်တာမို့ အသားအရေ ခြောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။ ဆောင်းတွင်းကာလမှာ အသားအရေခြောက်သွေ့မှုကို သက်သာစေဖို့ အစားအသောက်၊ အနေအထိုင်နဲ့လည်း ကြိုတင်ကာကွယ်နိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

Healthcare.com.mm

 

Ref:

သွန်းသော်တာ (B.N.Sc)

Ziwaka Magazine

December 2014, Pg.37



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18