Print

ကော်ဖီကြိုက်သူတိုင်းသိသင့်တဲ့ Caffeine ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

  31-Oct-2016
Preview Image

ကော်ဖီမှာ ကဖင်း(Caffeine) ဓါတ်ပါတာကိုတော့ ကော်ဖီသောက်တဲ့ လူတိုင်းလိုလို သိကြပါတယ်။ Caffeine ကိုစိတ်တက်ကြွစေသောအရာ၊ အိပ်ချင်ပြေစေသောအရာ တစ်ခုအဖြစ် လူသိများကြပါတယ်။ Caffeine ပါတဲ့အစားအစာတွေ အများကြီးရှိပါတယ်။ လူသိများတဲ့ အစားအစာတချို့ကို ပြောရရင်တော့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ(Coca cola) စသဖြင့်ပေါ့။

Caffeine ၏ ကောင်းသော အာနိသင်များ

Caffeine ပါတဲ့ အစားအစာ တစ်ခုခုကို စားသောက်လိုက်ရင် လူရဲ့အူလမ်းကြောင်း ကနေတဆင့် သွေးထဲကို တဖြည်းဖြည်း ဝင်ရောက်သွားပြီး နောက်ထပ် ၁နာရီအကြာမှာ Caffeine ရဲ့အမြင့်ဆုံးသော အာနိသင်ကို ခံစားရပါတယ်။

Caffeine ဓါတ်ဟာလူကို အတန်ငယ်နိုးကြား ဖျတ်လတ်စေနိုင်ပြီး၊ နှလုံးခုန်နှုန်းကိုမြန်စေပါတယ် (ဒါကြောင့်နှလုံးရောဂါရှိသူတွေ ကော်ဖီသောက်သုံးရင် ရင်တုန်တာတို့၊ ရင်ဘတ်အောင့်တာတို့ ဖြစ်တတ်တာပါ) ။ Caffeine ဟာ ဦးဏှောက်ကိုလည်း

အကျိုးသက်ရောက်မှု ပေးပါတယ်။ အဲဒါတွေကတော့ စိတ်ဓါတ်တက်ကြွစေခြင်း၊ ပင်ပန်းမှုကို လျော့ကျစေနိုင်ခြင်း၊ အာရုံစူးစိုက်မှု ပိုမိုအားကောင်းစေခြင်း စသည်တို့ ပဲဖြစ်ပါတယ်။ ဒါ့အပြင် အသက်ရှူနှုန်းနဲ့ လူ့ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ် တို့ကိုလည်း

မြန်စေပါတယ်။ ဒါကြောင့် အိပ်ခါနီးကော်ဖီသောက်ရင် အိပ်မပျော်တာမျိုးဖြစ်စေတတ်တာပါ။

Caffeine ကိုစွန့်ထုတ်ပုံ

Caffeine ရဲ့အာနိသင် သက်ရောက်မှုနဲ့ ကြာမြင့်ချိန်ဟာ လူတစ်ဦးနဲ့တစ်ဦး အရပ်အနိမ့်အမြင့်၊ အသက်အရွယ်၊ ယောကျာ်းမိန်းမစသဖြင့် မူတည်ပြီး ကွဲပြားကြပါတယ်။ Caffeine ကို အသည်းမှ ခြေဖျက်ပေးပြီး ဆီးမှတဆင့်စွန့်ထုတ်ပါတယ်။

Caffeine၏အာနိသင် သက်ရောက်မှု

တချို့လူတွေက Caffeine ဓါတ်ရဲ့အာနိသင်ကို သူများထက် ပိုမိုခံစားလွယ်တဲ့ သူတွေရှိသလို၊ တချို့ကြပြန်တော့လည်း Caffeine ဓါတ်ရဲ့အာနိသင် မသက်ရောက်တော့တာတွေလည်း ရှိပါတယ်။ ဘယ်လိုလူတွေမှာ ဒီလိုအာနိသင် သက်ရောက်မှု မရှိတော့ဘူးလဲဆိုရင် တစ်နေ့ကို Caffeine ၆ဝဝမီလီ ဂရမ်(ခန့်မှန်းခြေ ကော်ဖီ ၆ခွက်) လောက် နေ့စဉ်သောက်သုံးတဲ့သူတွေမှာ ဖြစ်နိုင်ပါတယ်။ အဲလိုလူတွေမှာခေါင်းမကြည်မလင် ဖြစ်ခြင်းတွေ ဖြစ်တတ်တဲ့အပြင် အခြား ဆေးတွေသောက်သုံးရင် အဲ့ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ပိုမိုခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီကို အလွန်အကျွံသောက်သုံးရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ တစ်နေ့ကိုကော်ဖီ ဘယ်လောက်ထိသောက်သုံးနိုင်မလဲ ?? ၁၉၈ဝ ခုနှစ်ကစတင်ခဲ့တဲ့ သုတေသနပြုမှုအရတော့ တစ်နေ့ကို Caffeine ၃ဝဝမီလီဂရမ် (ခန့်မှန်းခြေ ကော်ဖီ၃ခွက်)လောက်အထိ သောက်သုံးနိုင်တယ်လို ့ဆိုပါတယ်။ ဒီလောက်သောက်သုံးရင်တော့ ကျန်းမာရေးကို ထိခိုက်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။

Caffeine ဓါတ်ပါဝင်မှုနှုန်းများ

- Espresso ကော်ဖီ - ၅ဝ၂ မီလီဂရမ်

- ရိုးရိုးကော်ဖီ - ၈၂ မီလီဂရမ်

- လက်ဖက်ရည် - ၄၇ မီလီဂရမ်

 

Caffeine ဓါတ်နှင့်ကျန်းမာရေး

- Caffeine ဓါတ်ကို သင့်တင့်ယုံရရှိရင် အရိုးပွမှုကို အသင့်အတင့် လျော့ကျစေနိုင်ပါတယ်။ Caffeine ဓါတ်လွန်ကဲစွာ သောက်သုံးသူတွေမှာ ကိုယ်ဝန်ရရှိဖို့ အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သင့်တင့်စွာ သောက်သုံးရင် ကောင်းပေမယ့်၊ လွန်ကဲစွာ သောက်သုံးရင်တော့ ကိုယ်ဝန်ပျက်ကျတာတို့၊ မွေးတဲ့ကလေး ပေါင်မပြည့်တာတို့ ဖြစ်စေနိုင်ပါတယ်။

- ဝိတ်ချလိုသူတွေအတွက်တော့ Caffeine ဓါတ်ဟာများစွာ အထောက်အကူပြုပါတယ်။ ဘာလို့လဲဆိုတော့ Caffeineဓါတ်ဟာ (Calories)ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးတဲ့ အတွက်ကြောင့်ပါပဲ။

ကဲ..ဒီလောက်ဆိုရင်တော့ တော်တော်လေးကိုစုံသလောက်ရှိသွားပါပြီ။ အခြားအချက်အလက်လေးတွေရှိပေမယ့် သိပ်အရေးမကြီးတာရယ်၊ စာများလွန်းရင် ဖတ်တဲ့သူတွေပျင်းမှာ စိုးတာရယ်ကြောင့် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။

 

Healthcare.com.mm

Ref:

ကြယ်မင်းတာယာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18