Print

ဦးနှောက်မှတ်ဉာဏ်ကိုထိခိုက်စေသောအစာများ

  24-Jan-2017
Preview Image

တို့ဟူး
တိုဟူးအများအပြားသုံးတာကမှတ်ဉာဏ်စွမ်းအားကို ထိခိုက်စေတယ်ဆိုတာ သင်သိပါရဲ့လား။ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့လေ့လာမှုအရ တစ်ပတ်ကို တိုဟူးကိုးကြိမ်နဲ့အထက် စားသုံးသူတွေက အနည်းငယ်သာ စားသူတွေထက် မှတ်ဉာဏ်စွမ်းရည် ပိုမိုလျှော့နည်းတာကိုတွေ့ရပါတယ်။ တိုဟူးမှာပါဝင်တဲ့ ဖိုက်တိုအီစထရိုဂျင်က ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တချို့ကို ထိခိုက်စေတာလို့ လေ့လာမှုမှာပါဝင်တဲ့ပညာရှင်တွေက မှတ်ချက်ပြု ကြပါတယ်။

ပြည့်ဝဆီ
ပြည့်ဝဆီတွေက တိရစ္ဆာန်ကရတဲ့ အဆီဖြစ်ပြီး ကျန်းမာရေးနဲ့ မသင့်တော်ပါ။ လေ့လာမှုတွေအရ ပြည့်ဝဆီစားသုံးမှုများသူတွေဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေတယ်လို့ သိရပါတယ်။

ဆိုဒီယမ် (ဆား)

ဆားသည် သွေးဖိအား၊ နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုအရ ဆိုဒီယမ် (ဆား) စားသုံးမှုများတာတွေက သိမြင်မှုစွမ်းရည်နှင့် ဆက်စပ်မှုရှိနေပါတယ်။ ကနေဒါနိုင်ငံမှ ပညာရှင်တွေက အသက် ၆၇ - ၈၄နှစ် အတွင်း ကိုယ်လက်လှုပ်ရှားမှု မရှိသူတွေကို ဆားစားသုံးမှု အနည်းဆုံး၊ အလယ်အလတ်နဲ့ အများဆုံးဆိုပြီး အုပ်စုသုံးစု လေ့လာခဲ့ရာ ကိုယ်လက်လှုပ်ရှားမှု မရှိပေမယ့် ဆား စားသုံးမှုနည်းသူတွေဟာ ဆားစားသုံးမှုများသူတွေထက် ဉာဏ်ရည်ဉာဏ်သွေး ကျဆင်းမှုနှေးတာကို တွေ့ရပါတယ်။ 

တူနာငါး

တူနာငါးမှာ ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ လေ့လာမှုအရ တူနာငါး၊ ငါးပြေမ တွေကို တစ်ပတ်သုံးကြိမ်နဲ့အထက် စားသုံးပါက ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်စေတာကို တွေ့ရပါတယ်။ ငါးထဲမှာ ပါဝင်တဲ့ ပြဒါးဓာတ်ကြောင့်ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ လေ့လာမှုအရ သွေးထဲမှာ ပြဒါးဓါတ် များနေသူတွေဟာ နည်းသူတွေထက် ဦးနှောက်စွမ်းရည် ကျဆင်းမှု မြန်ဆန်တယ်လို့ သိရပါတယ်။

Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, September 2015, Pg. 106



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18