အသည်းကျန်းမာရေးကို အထောက်အကူပြုသည့် ကညွတ်ပင်
30-Dec-1899
ကညွတ်ပင်(Asparagus) သည် အသည်းဆဲလ်များ၏ အဆိပ် (toxin) ဖယ်ရှားနိုင်မှုကို ကူညီပေးနိုင်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရှိရသည်။ထို့ပြင် ကညွတ်ပင်သည် အရက်အလွန်အကျွ့ံသာက်ပြီးနောက် ဖြစ်ပွားသည့် မအီမသာဖြစ်ခြင်း ( hangover)
ကိုလည်း သက်သာစေသည်ဟု ဆိုထားပါသည်။
တောင်ကိုရီးယားနိုင်ငံ၊ ဂျေဂျူး အမျိုးသားတက္ကသိုလ်နှင့် ဆေးသိပ္ပံပညာဌာန၏ ပူးပေါင်းလေ့လာချက်အရ မအီမသာဖြစ်မှုကို သက်သာစေရသည်မှာ ကညွတ်တွင် ပါဝင်သောအမိုင်နိုအက်စစ်နှင့် ဓာတ်သတ္တု (minerals) များကြောင့်ဖြစ်သည်ကို ဖော် ထုတ်နိုင်ခဲ့သည်။ ယင်းသုတေသီများက ကညွတ်ပင်၏ ပင်စည်နှင့် အရွက်များ တွင်ပါဝင်သော ဇီဝဓာတုအာနိသင်က လူသားများနှင့် ကြွက်များ၏ အသည်းဆဲလ်အပေါ် သက်ရောက်နိုင်မှု ကို လေ့လာနိုင်ခဲ့သည်။
လေ့လာမှုခေါင်းဆောင် ဂျေဂျူးအမျိုးသားတက္ကသိုလ်မှ သုတေသီ Dr.BY Kim က ယမကာကို နှစ်ရှည်သောက်သုံးသူများတွင် အသည်းအပေါ်ဓာတ်တိုးအာနိသင် များဖြစ်စေကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ မအီမသာ ဖြစ်မှုကိုလည်းခံစားရကြောင်း၊ ဆဲလ် အဆိပ်အတောက်(cellutor toxicities) များ အသည်းအပေါ်တွင်စုပုံလာကြောင်း ရှင်းပြခဲ့ပါသည်။ ယခုလေ့လာခဲ့မှုအရ ကညွတ်ပင်၏ အရွက်များတွင် အများဆုံးပါဝင်သော အမိုင်နိုအက်စစ်နှင့်ဓာတ်သတ္တုအချို့သည် အထက်ပါမအီမသာဖြစ်မှုများကို သက်သာစေပြီး အသည်းဆဲလ်၏ကျန်းမာရေးကို အထောက်အကူပြုကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
ကညွတ်ပင်ကို ကမ္ဘာတဝှမ်းတွင် တိုင်းရင်းဆေးအဖြစ်၊ ဟင်းလျာအဖြစ် သုံးစွဲနေကြပြီး ကင်ဆာရောဂါကို သက်သာစေသော တိုင်းရင်းဆေးအဖြစ် လူသိများသည်။ ယင်းတွင်ဆီး ရွှင်စေသော ၊ရောင်ရမ်းမှုကို သက်သာစေသော၊ အရေပြား မှိုစွဲကပ်ခြင်းကို ကာ ကွယ်ပေးသော အာနိသင်များလည်း ရှိသည်။ ယခုလေ့လာမှုကို Journal of Food Science တွင် ပုံနှိပ်ဖော်ပြထားခြင်းဖြစ်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ငြိမ်းအေး
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

