မူးလဲတော့မည်ဆိုလျှင်
29-Oct-2016ထိုင်ချလိုက်ပါ။ မူးလဲတော့မည့်အချိန် ထိုင်ချရန် ဝန်လေးနေလျှင်လဲ ကျ၍ဦးခေါင်းထိခိုက်မိသည့် အန္တရာယ် ကြုံရတတ်သည်။
- အသက်ပြင်းပြင်းနှင့်ရှည်ရှည်ဆွဲရှူပါ။ စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်လွန်ကဲခြင်းများ မဖြစ်အောင် အသက်ရှည်ရှည်ရှူခြင်းဖြင့် ကာကွယ်နိုင်သည်။
- အကူအညီတောင်းပါ။ တတ်နိုင်သလောက် ကျယ်ကျယ်အော်ပါ။ မူးလဲခါနီးလျှင် နားအူနေသည့်အတွက် မိမိအော်သံကို တိုးတိုးသာ ကြားရတတ်ပါသည်။ စိတ်မပျက်ဘဲ ဆက်၍အကူအညီတောင်းခံပါ။
- ခြေထောက်ပိုင်းကို ဦးခေါင်းပိုင်းထက် အမြင့်တစ်နေရာတွင်ထား၍ ပက်လက်အိပ်နိုင်မည့်နေရာသို့ လိုက်ပို့ခိုင်းပါ။ အချိုဓါတ်ရနိုင်မည့်သကြားလုံး၊ အချိုရည်တစ်ခုခုကူညီရှာဖွေ ခိုင်းပါ။
- ရံဖန်ရံခါသတိမေ့သွားသည့်အခါ သတိပြန်ရလာချိန်တွင် အလန့်တကြားဖြစ် သွားတတ်တယ်။ မိမိဘာဖြစ်ခဲ့သည်ကိုလည်း မေ့နေနိုင်သည်။ အချို့လူများ၌ သတိမေ့နေစဉ်တွင် ဆီးထွက်ကျသည်အထိ ဖြစ်တတ်သည်။ ဘာပဲဖြစ်ဖြစ် သတိပြန်ရလာချိန်တွင် တတ်နိုင်သလောက် စိတ်အေးအေးထားပါ။
- သတိပြန်ရလာချိန်တွင် တန်းမထပါနှင့်။ ခဏထိုင်၍ ခေါင်းမူးခြင်းရှိ/ မရှိစောင့်ကြည့်ပါ။
- သင့်လျော်သည့်အချိန်၌ ဆေးခန်း ပြ၍ မူးလဲသည့်ပြဿနာနောက်ထပ် ဖြစ်ပွားခြင်းမရှိအောင် ကာကွယ်ပါ။
- မူးလဲခါနီးဖြစ်ပေါ်တတ်သည့် အောက်ပါလက္ခဏာများကိုမှတ်သား ၍ နောက်တစ်ကြိမ်ဖြစ်ပေါ်လာလျှင် အကာအကွယ် ချက်ချင်းရယူပါ။
- အဖြူစက်၊ အနက်စက်များ တွေ့လာရခြင်း
- ခေါင်းတစ်ခုလုံးပေါ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး လည်နေခြင်း
- ချွေးစေးများထွက်ခြင်း
- ဖြူဖျော့လာခြင်း
- မျက်စေ့အမြင်ဝေဝါးလာခြင်း
Ref: သီဟ Health Updates Journal;Vol.2, No.35 Source:wikiHow